SEA PARADISE
Extraငြိမ်းချမ်းရေးကိုအသည်းအသန်မဟုတ်ဘဲခေါင်းတညိတ်နဲ့အလွယ်တကူရလိမ့်မယ်လို့မထင်ခဲ့မိပါဘူး။
အခုကိုယ့်လက်တစ်ပွေ့မှာကြည်နူးခြင်းတွေအလျှံအပယ်ပဲကလေးရဲ့...
ကိုယ်တို့အတူစီးနေကြတဲ့လှေကလေးဟာအတိမ်းအစောင်းမရှိကြည့်ရှုစောင့်ရှောက်ပေးမယ့်ရင်ခွင်တွေနဲ့ဝန်းရံထားတာ၊
စည်း'ရင်ထဲမှာငြိမ်းချမ်းနေခြင်းကဘယ်အရာနဲ့မှမတူ။ကျွန်တော့်ကလေးကိုဘယ်လိုဖွင့်ပြောရမလဲ...
ဒီလက်စွပ်လေးကိုဘယ်လိုပေးရမလဲ...
ဘယ်အချိန်မှာပေးရမလဲ...
ဝေခွဲလို့မရ။
အဲဒီလိုချစ်ရေးချစ်ရာကိစ္စတွေကိုသူတကယ်မရင်းနှီးပါ။
သူ...ရည်းစားတောင်ထားခဲ့ဖူးတာမှမဟုတ်ဘဲ...
ချစ်သည့်အကြောင်းကိုနေပင်လယ်ကတဖွဖွစာဖွဲ့ခဲ့သမျှသူကနားဆင်သူသက်သက်...
ဝေဖန်နိုင်ခြင်းတုန့်ပြန်နိုင်ခြင်းအလျဉ်းမရှိ။ချစ်နေလို့ချစ်ပါတယ်'တစ်ခွန်းပဲပြောလို့တတ်တာ...
တွေးကြည့်တော့လဲသူကအေးစက်စက်နိုင်သား...
ဒီလိုနဲ့ဘယ်လိုပေးရမလဲလို့တွေးနေရင်းနဲ့နောက်နေ့မနက်ရောက်ပြီးဦးနိုင်တို့ရော...
ဦးလတ်နဲ့သူ့အမေတောင်ပြန်သွားခဲ့ပြီ။
ရထားဘူတာအထိလိုက်ပို့ပေးပြီးတော့အပြန်လမ်းမှာသူတို့စ'တွေ့ခဲ့တဲ့ကမ်းပါးစွန်းလေးမှာစည်း'ကကားကိုရပ်သည်။"ကလေး...ကိုယ်ပြောစရာရှိလို့"
နေပင်လယ်ကခေါင်းလေးအသာညိတ်ရင်းကားတံခါးဖွင့်ပြီးအပြင်ထွက်သည်။
ကျွန်တော်တို့နှစ်ယောက်စ,စတွေ့ခဲ့ကြတဲ့ကမ်းပါးစွန်းလေးပါ။
ပင်လယ်ပြင်ကြီးတဆုံးကိုဒီနေရာကမြင်ရတဲ့မြင်ကွင်းကသိပ်လှပ၏။
ဒီနေရာမှာဆုံခဲ့ကြတဲ့အမှတ်တရကြောင့်သူတို့အတွက်တော့ဒီနေရာဟာအလှဆုံးပင်လယ်ပြင်ကြီးဖြစ်သည်။
လှိုင်းသံတွေကိုအပေါ်စီးကနေကြားရတာအပြင်လေပြေနုနုတွေကြောင့်ရင်ထဲမှာအေးချမ်းလျက်...
သူ့ကိုကျောခိုင်းပြီးရပ်နေတဲ့နေပင်လယ့်ခါးလေးကိုအနောက်ကနေပွေ့ယူကာ..."လက်ဆောင်ရှိတယ်...မင်းကိုဘယ်လိုပေးရမယ်ဆိုတာမသိလို့"
နောက်ကနေဖက်လျက်သားလေးနဲ့စည်းက...လက်ထဲမှာကွယ်ဝှက်ပြီးကိုင်ထားတဲ့လက်စွပ်ဗူးလေးကိုဖွင့်ပြသည်။
အဲဒီလက်စွပ်လေးကိုမြင်တော့နေပင်လယ်ကသူ့ပုခုံးပေါ်မေးတင်ထားတဲ့စည်းရဲ့မျက်နှာကိုမြင်ရအောင်စောင်းကြည့်သည်။
ထူးဆန်းလှချည်လား...စည်း'တို့ကဗျာဆန်တတ်ပြီပေါ့ဆိုတဲ့သဘောမျိုး...
😅😅😅
ဆက်ပြီးစည်းဖွင့်ပြောလာတဲ့စကားကြောင့်လက်စွပ်မြင်ပြီးဝမ်းသာနေတဲ့နေပင်လယ်တို့ရင်ထဲမှာနင်သွား၏။
YOU ARE READING
Sea Paradise
Romanceပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်(ဒုတိယပိုင်း) အစိမ်းဖြတ်ကြီးဖြစ်သွားခဲ့လို့ extra အနေနဲ့ထပ်ရေးပေးချင်တာလေးပါ။ ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်(ဒုတိယပိုင်း) အစိမ်းဖြတ်ကြီးဖြစ်သွားခဲ့လို့ extra အနေနဲ့ထပ်ရေးပေးချင်တာလေးပါ။ Yizhan Fanfic