Flavour2

2 0 0
                                    

လုပ်ယူဖန်တီးမှုမဟုတ်တဲ့တွေ့ဆုံခြင်းမှာ သူကကျွန်တော့်ရင်ထဲကို ရောက်မှန်းမသိရောက်လာခဲ့တယ်....

2019 October

လတ်ဆတ်တဲ့လေ လို့မဆိုသာပေမယ့် ကျူရှင်ထဲက အဲကွန်းလေထက်တော့ လတ်ဆတ်တဲ့လေက တိုက်အောင်ဆင်းတော့ အပြည့်အဝခံစားခွင့်ရပြီ။

"ဟူး အနီးကပ်တတ်ဖို့လည်းနီးပြီနော် နင်တို့တွေ စာတွေပိုင်ပြီလား"

ဟုတ်တယ်လေ အနီးကပ်ဆယ်ရက်ပြီးတာနဲ့ စာမေးပွဲကတန်းရောက်မှာ အဲ့တော့ဟိုနှစ်ယောက်ကို စာမေးပွဲနဲ့ပတ်သတ်ပြီးတီးခေါက်မိမှ တော်ကာကြမှာ ။

"အမလေး မပြောစမ်းပါနဲ့ဟယ် Ecoတွေကျက်ရင်းနဲ့တောင် ငါ အော်မေ့ ဂ်ုဏ်းချုပ်ဖြစ်နေတာ demand တွေsupplyတွေနဲ့တင် ရွာလည်နေတယ် "

ယမင်းရဲ့အပြောကို အထွေးကလည်း

"အေးဟယ် ဆရ သင်တာကအဆင်ပြေပါတယ် ငါတို့ကသာ စာမကျက်တာ ငါတော့စီးပွားရေးယူမိတာမှားပြီပဲ"

စီးပွားရေးနဲ့စီးပွားစီမံက First yearမှာသင်ရတဲ့ဘာသာတွေကတူတော့ ကျူရှင်မှာကအတန်းမခွဲသေးပဲ အတူတူတတ်ကြရတော့ အထွေးနဲ့က နောက်တစ်နှစ်ဆို အချိန်ကွဲပြီ ။

"နင်တို့ကစာမရဘူးသာအော်နေကြတာ ပြီးရင် အိမ်မှာ ကုပ်ပြီးစာကြိုးစားကြတာ မိန်းကလေးတွေအထာ"

သူတို့မိန်းကလေးတွေကအဲ့လိုပဲ မလုပ်ဘူး မရဘူး နဲ့ ကြိတ်ကြိုးစားနေကြတာ ကျွန်တော့်လို ဉာဏ်ကောင်းတဲ့သူကတော့ ကြိတ်မလုပ်ပါဘူး ။

"အမလေးတော်စမ်းပါ နင်ကော ကြိတ်မလုပ်တာကျလို့ အထွေး ငါပြောတာ ထောက်ခံတယ်မို့လား"

"အေးလေ အေးလေ"

"အေးပါကွာ ငါပဲ အရှုံးပေးပါတယ် နင်တို့နှစ်ယောက်နဲ့ပြိုင်မကိုက်တော့ပါဘူး "

စိတ်လျှော့ စိတ်လျှော့ သော်တာမောင် မင်းက တည်ငြိမ်စော်ကြည်တဲ့ Gentleman ပီပီသသ နဲ့ဟို ကျပ်မပြည့်နှစ်ယောက်ကို ဘေးမဲ့ပေးလိုက်။

"အေးငါတို့သာ ကိုက်တတ်ရင် နင့်ကိုအရင်ကိုက်မှာ သိလား "

ယမင်းမလူယုတ်မာရုပ်နဲ့ပြောနေတာ။ တော်တော်စိတ်ကုန်နေပြီ သူတို့ကြည့်ပြီး ရည်းစားထားဖို့တော်တော်စိတ်ကုန်နေပြီ ။

ချိုချဉ်Where stories live. Discover now