Part 3

1.4K 113 17
                                    

#KaiHun (yaoi)
#Zawgyi Ver:

"Sehun na"

Yue ရဲ့ခေါ်သံကြောင့် canteen သို့သွားနေတဲ့Sehun ခြေလှမ်းတွေရပ်သွားလေရဲ့

"ဘာလို့လဲYue"

"Kim JongIn ဒီနေ့ကျောင်းမလာဘူးလား "

"မသိဘူး သူဆေးရုံကတော့ဆင်းပြီ ကျောင်းတော့မတတ်သေးဘူးထင်တယ်"

နှုတ်ခမ်းကိုထော်ပြီးပြောနေတာလေးက JongInမြင်ရင်ဖက်နမ်းချင်စရာ (A/N--ဒီကအချောလေးလဲနမ်းချင်တယ်😐😐 )

Yueတွေးမိပါသေးသည်   ကျန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်က JongIn ဆေးရုံတက်ရတဲ့သတင်းလဲကြားရော Sehun ဖြစ်သွားတဲ့ပုံလေးကို 

ဆေးရုံကိုလဲရောက်ရော ကုတင်ပေါ်ကJongInကိုမြင်ပြီး မျက်ရည်တွေကျပြီးတရှုံ့ရှုံ့ဖြစ်လာတာ ကြောင်ပေါက်ကလေးကျလို့   Kim JongInတို့ဒဏ်ရာတောင်မပျောက်သေးဘူး နှလုံးရောဂါမရတာကံကောင်း အရမ်းတွေရင်တွေခုန်နေတာကိုး   ဘယ်လိုပဲ Gentaleman Styleပြောင်းထားပါစေ ကလေးပုစိပုံလေးမှမပျောက်တာ  Kim JongInတို့ ကြွေဆင်းနေတာလဲမပြောနဲ့လေ

Xian Yue ကိုယ့်အတွေးနဲ့ကိုယ်ရယ်မိတော့ ဘေးကကြက်ပေါက်စက မျက်ခုံးတွန့်လာလေရဲ့

"ဘာရီတာလဲ "

"ဟင့်အင်း မရီပါဘူး ……"

မရီပါဘူးသာပြောနေတာ Xian Yueပုခုံးတွေက ရီချင်တာကိုအောင့်ထားရလို့ တလှုပ်လှုပ်နဲ့

"Yue!!!!"

ဆောင့်ကြီးအောင့်ကြီးဖြစ်လာပြီး နှုတ်ခမ်းကချွန်လာပြီ  အခုလိုပုံစံကလုံးဝကို Boss Baby ကားထဲက Bossပုစိလေးလိုပဲ ထုတ်ပြောကြည့် လက်ထဲကစာအုပ်တွေနဲ့ Yueခေါင်းလေးမိတ်ဆက်သွားလိမ့်မယ်

"အဟမ်း  ဟုတ်ပြီ ဟုတ်ပြီ မစတော့ဘူး အတည်ပြောမယ် ဒီနေ့လည်အတန်းချိန်မရှိတော့ဘူး"

"တကယ်လား နင်နောက်နေတာလား "

"တကယ်ပါဆိုနေ မယုံလဲနေပေါ့ "

Yue ပြောပြီးထွက်သွားတော့ Sehunကျန်ခဲ့ရော ဘယ်သွားရမလဲစဉ်းစားရင်း ကျောင်းရှေ့ထိရောက်လာပြီ  နောက်ဆုံးဆုံးဖြတ်ချက်က ကျောင်းနားက Green Light ဆိုင်ဝင်ဖို့ပင်  အဲ့ဆိုင်က ခရုဆန်ပြုတ်ဝယ်ပြီးJong In အိမ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်

Mafia's Sweetness❤️❤️ (KaiHun) Z+UWhere stories live. Discover now