(Zawgyi)
အကောင်းဆုံးတက္ကသိုလ် တက်ခွင့်ရဖို့အတွက် ဝင်ခွင့်စာမေးပွဲမှာ အမှတ်များများရရန် ရည်မှန်းပြီး စာကြိုးစားခဲ့ပေမဲ့... ကျန်းမာရေးအခြေအနေကြောင့်...ဒါမှမဟုတ်... မတော်တဆဖြစ်ရပ်တစ်ခုကြောင့် စာမေးပွဲဖြေဆိုဖို့ လွဲချော်ခဲ့ရတဲ့သူတွေကရော သူတို့ရဲ့ခံပြင်းမှုကို ဘယ်မှာ ပုံချသင့်လဲ...
ဟန်းနီးမွန်းခရီးမှာတင် ဇနီး သို့မဟုတ် ခင်ပွန်းကို သေကွဲဖြစ်စေ ရှင်ကွဲဖြစ်စေ လက်လွှတ်လိုက်ရသူတွေကရော ဘယ်သူ့ကို အပြစ်ပြောသင့်လဲ...
ကံတရားကိုသာ အပြစ်ဖွဲ့လို့ပဲ ရမယ်... ကျွန်တော်တို့တွေက ကံတရားရဲ့ကြိုးဆွဲရာအတိုင်း လှုပ်ရှားနေရတဲ့ ကကြိုးရုပ်တွေ ဖြစ်နေတာမို့ပဲ...
ယုန်ကလေးxiao zhanနဲ့လူကလေး wang yiboတို့ ကြုံတွေ့ခဲ့ရတာကရော ကံတရားရဲ့ကျီစယ်မှုပဲလား။
°°°°°°
°°°°°°
'အခုလို ပူးပေါင်းပေးလို့ ကျေးဇူးပါဗျာ... အနားယူလိုက်ပါဦး'
နှုတ်ဆက်ကာ အခန်းထဲက ထွက်သွားတဲ့ စစ်ဆေးရေးအရာရှိတွေကို yibo လိုက်ကြည့်ပြီးမှ သူရဲ့အကြည့်တွေကို ပြတင်းပေါက်ဆီ ရွေ့လျားကာ သက်ပြင်းချလိုက်မိသည်။
စစ်ဆေးရေးတွေက သူတို့တွေရဲ့ရန်ပွဲမှာ လူသေမှု ဖြစ်ပွားတာမို့ ပါဝင်သူတိုင်းကို လိုက်မေးမြန်းနေခြင်း ဖြစ်သည်။
ထိုသူရဲ့သေဆုံးမှုက ဆန်းကြယ်လှ၏။ သူယူဆောင်လာတဲ့ဓားနဲ့ သူပြန်ပြီးထိုးမိခဲ့တာ... မျက်မြင်သက်သေတွေနဲ့ CCTVမှတ်တမ်းတွေမှာလည်း သေဆုံးသူက သူ(yibo)ကို ဓားနဲ့ထိုးပြီး အလန့်တကြား နောက်ဆုတ်သွားရာကနေ ချော်လဲသွားရင်း ဓားနဲ့ပြန်ထိုးမိတာကို တွေ့ရတာကြောင့် မတော်တဆမှုအဖြစ် သတ်မှတ်လိုက်ကြသည်။
'yibo သက်သာရဲ့လား'
ဒီတစ်ခါ သူဆီရောက်လာသူက ဦးလေးဖြစ်သူ... yiboရဲ့အခြေအနေကို လာကြည့်ပြီး ဆေးရုံဆင်းရင် သူတို့နဲ့ လာနေရမယ်လို့ ပြောသွားသည်။
နောက်ပြီး သူဆေးရုံမှာပဲ ရှိနေစဉ်အတွင်း ဦးလေးတို့မိသားစုအပါအဝင် အစ်ကိုဖန်တို့အုပ်စုပါ သူကို အမြဲလာတွေ့ကြပေမဲ့ သူရဲ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသလို ခံစားရတယ်...
YOU ARE READING
Bo'Bunny Baby [fanfiction/Completed]
Romance[Wang Yibo & Xiao Zhan] [boy×boy] [Zawgyi+Unicode] Bunny is mine. He call me my nickname is 'Bo' .