[Unicode + Zawgyi]
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်တစ်ခု၌ ဗြောလ်ဟျွန်းတစ်ယောက် ကန်ရေပြင်ကိုငေးမောရင်း ညိမ်သက်စွာထိုင်နေလေသည်။
"ဗြောင်လေး ချန်းမင်းသားတို့အတွက်စားတော်ပွဲကိုသွားရဦးမယ်လေ"
ဗြောလ်ဟျွန်းလေးခေါင်းခါပြတော့ ဆယ်အာလေးသက်မချကာ ဘေးမှာဝင်ထိုင်လိုက်သည်။
"အစ်မတော်တွေကော..ခမည်းတော်ကောကငါ့ကိုမြင်ရင်အနှောက်အယှက်ဖြစ်ကြလိမ့်မယ်..ညီလာခံမှပဲငါသွားတော့မယ်ဆယ်အာ"
ဗြောလ်ဟျွန်းလေးရဲ့ခံစားချက်ကို ဆယ်အာနားလည်ပါသည်။ အမြဲတမ်းစိတ်မကောင်းဖြစ်ဖြစ်နေရတဲ့အချိန်တိုင်း ဗြောလ်ဟျွန်းလေးအတွက် ဆယ်အာဘေးကနေနှစ်သိမ့်ပေးရုံအပြင်ဘာမှမတက်နိုင်ခဲ့ဘူး။ ဗြောလ်ဟျွန်းလေးလည်း ဒီလိုတွေကိုနေသားကျနေလောက်ပါပြီ။
"ဆယ်အာ"
"ဗြောင်လေး ဘာဖြစ်ချင်လဲပြောပါ"
ဆယ်အာက စိတ်ဝင်တစားတောက်ပနေသောမျက်လုံးတွေနဲ့ကြည့်လာတော့ ဗြောလ်ဟျွန်းလေးအောက်နှုတ်ခမ်းတွေကိုအသာပြန်ဖိကိုက်ထားမိသည်။
"ဗြောင်လေး ဘာတုန်းလို့"
"ဆယ်အာ ငါတို့သိုင်းသင်ကြမလား"
"ဗျာ!!!!"
"ဘာ ဘာဖြစ်လို့လဲ..ဒီထဲကိုဘယ်သူမှလာဖြစ်တာလည်းမဟုတ်ဘဲ..ငါတို့တိတ်တိတ်လေးသိုင်းသင်ကြမယ်လေ..ပြီးရင် ငါတို့တွေမြို့ထဲပြန်သွားကြမယ်..အဲ့အခါငါတို့ကိုနှိပ်စက်မဲ့သူတွေကိုကြောက်နေစရာမလိုတော့ဘူးပေါ့"
သိုင်းပညာကိုဆယ်အာစိတ်ဝင်စားတော့ ဗြောလ်ဟျွန်းလေးရဲ့အကြံက ပျော်ရွှင်ဖွယ်...သို့ပေမဲ့ မိသွားရင်အပြစ်ပေးခံရမည်ကမသက်သာ...
ဆယ်အာပျော်နေမိပေမဲ့လည်း ဗြောလ်ဟျွန်းလေးရဲ့အကြံကို မထောက်ခံမိသေး။ မိသွားတာနဲ့ ဗြောလ်ဟျွန်လေးဒုက္ခရောက်နိုင်သည်က တပ်အပ်မို့ ဆယ်အာတစ်ယောက် ဗြောလ်ဟျွန်းရဲ့အကြံကိုသဘောမတူရဲ။ ငြင်းလျှင်လည်း စိတ်မကောင်းဖြစ်သွားမည်က ခက်နေပြန်သည်။