Part-1

3.1K 114 11
                                    

-ခွမ်းး-ဒုန်း-

" ဒီမှာ Doh Kyung Soo shi ရဲမတိုင်ခင်ပြန်သွားတာကောင်းလိမ့်မယ်နော် "

" Borr, မင်းက ရဲတိုင်မယ် ဟုတ်လား တိုင်လိုက်စမ်းပါ မင်းကြောင့်ငါ့ ညီ ဒီမြို့က ထွက်သွားတာ ငါ့ညီကိုရှာမတွေ့လို့ကတော့ မင်း ငါ့အကြောင်းကောင်းကောင်းသိတယ်မဟုတ်လား "

‌အိမ်တွင်ရှိသမျှအားတစ်ဆစီ‌ေပါက်ခွဲကာ ခနဲ့ပြုံးလေးဖြင့်ထွက်သွားသည်က   Se-dong မြို့နေမဟုတ်သူတစ်ဦးအား ယောက်ျားလေးတစ်ယောက်ဟုဆိုလျှင် ယုံနိုင်မည်မဟုတ်ပေ။သို့သော် သူသည် Se-dong တစ်မြိုးလုံး ခလေးအစ ခွေးအဆုံးသိသည့် "Doh Kyung Soo"ဟူသည့်ကောင်လေးတစ်ယောက်ပင်ဖြစ်လေသည်။

မျက်လုံးဝိုင်းဝိုင်း နှာတံဆင်းဆင်းနှင့် မိန်းခလေးများကဲ့သို့ ဆေးဆိုးပန်းရိုက်ထားခြင်းမျိုးမရှိသော်လည်း ခပ်ရဲရဲပါးမို့မို့လေးကလွန်စွာမှကြည့်ကောင်းလွန်းလှပေသည်။အထူးသဖြင့် ဆွေးဆွေးနီနေသည့် အသဲပုံနှုတ်ခမ်းလေးတစ်စုံမှာ ဆွဲမက်စရာကောင်းလွန်းသည့်အပြင် ဤနှုတ်ခမ်းကလေးကိုလည်း လူအများကကြောက်ရလေအောင် စွာတေးလန်သူတစ်ဦးပင်။

_______________

Mis.Doh..." သားရယ် မင်း ဒီညီလေး မြို့ကထွက်သွားတာ အခုဆိုရင် တစ်ပတ်ပြည့်တော့မယ်နော် သားမင်းညီလေးကိုလိုက်ရှာနေတာလည်း ခုထိသတင်းအစအနတောင်မရဘူးလား  "

Mrs.Doh..." Mihar ya ငါတို့သားလေးလည်း လိုက်ရှာနေတာဘဲလေကွာ အချိန်တန်ပြန်တွေ့မှာပေါ့ အါ့လောက်ကြီးစိတ်ပူမနေပါနဲ့"

KS..." Omma, Appa သားပြောတာ သေချာနားထောင်နော် သား ညီလေးကို Seoul မှာသွားရှာကြည့်မလားလို့ "

Mis.Doh..." အို...သားရယ် အိုမား စိတ်မချနိုင်ပါဘူးကွယ် အငယ်လေးကပျောက်နေရတဲ့ကြားထဲ သားကြီးကပါ မြို့ပေါ်တက်ရှာမယ်ဆိုတော့ "

Mrs.Doh..." သားငယ်က Seoul မှာရှိနိုင်တယ် ထင်လား "

KS..." သူကျောင်းတက်ရင်းခင်ခဲ့တဲ့ သူငယ်ချင်းက Seoulမှာရှိတယ်လေ "

Mrs.Doh..."ဟုတ်ပြီ ဒါဆို သား ကိုစိတ်ချမယ်နော် "

Mis.Doh..."Borr, အငယ်လေးကမှ ရောက်ရာအရပ်မှာ လူတွေနဲ့တင့်သင့်အောင်နေနိုင်သေးတယ် Kyung Sooအကြောင်းမသိတာကျလို့ စိတ်မချနိုင်ပါဘူး"

ရွှေမင်းသားနှင့်သူ၏စွာတေး(Uni/Zg)။ ‌ရွှေမင်းသားနှင့်သူ၏စွာတေးWhere stories live. Discover now