Part-12

833 126 41
                                    

Unicode,

မိုးလင်းခါနီးသည်အထိချန်ယောလ်အိပ်မပျော်ခဲ့။ အစကတော့အသေးလေးကိုလွမ်း၍အိပ်မပျော်သောကြောင့် အသေးလေးရှိရာသို့လာခဲ့ခြင်း။သို့သော် ယခုမိမိအသေးလေးကိုရင်ခွင်ထဲထည့်ကာအိပ်ပျော်ဖို့ကြိုးစားရသည်မှာပို၍ပင်ပန်းလှသည်။ ဆူညံဝုန်းဒိုင်းကျဲနေသောရင်ခုန်သံတွေက အနှစ်နှစ်ဆယ်ကျော်သည်အထိ ပိုင်ရှင်မှန်ကိုမတွေ့ခဲ့ရသည့်အလား ပိုင်ရှင်နှင့်တွေ့ချိန်တိုင်းတွင် ဝုန်းဒိုင်းကြဲနေဆဲ။
နှဖူးလေးပေါ်သို့အနမ်းတစ်ပွင့်။
နှာတံလုံးလုံးလေးပေါ်သို့အနမ်းတစ်ပွင့်။
ပါးမို့မို့လေးတစ်ဖက်တစ်ချက်ဆီကိုအနမ်းတစ်ပွင့်။
ပြီးနောက် သောက်လေသောက်လေငတ်မပြေနိုင်သည့်ဆားငံရေပမာ
နမ်းလေနမ်းလေ နမ်းချင်စိတ်မပြေနိုင်သည့် စတော်ဘာ်ရီနှုတ်ခမ်းလေးတစ်စုံပေါ်သို့*ပြွတ်*
ရင်ခွင်ထဲနစ်နေသောခလေးလေးအား မနိုးစေရန် အသာအယာထကာ မိမိအ‌ေဆာင်သို့ပြန်ရန်ပြင်ရသည် ။

❤️❤️❤️❤️❤️

"ချန်ယောလ် "

ဂျောင်ဆူးဆီမှပြန်လာစဉ် ယုတ်တရက်ထွက်ပေါ်လာသောအသံကြောင့်ချန်ယောလ်မျက်လုံးအစုံတို့ပြူးကျယ်သွားမိသည်။မမကအခန်းထဲဘယ်အချိန်ကတည်းကရောက်နေခဲ့ပါလိမ့်။

"မမ!"

"ဘယ်ကိုသွားတာလည်း ? ညက အိမ်မှာမအိပ်ဘူးလား"

"အာ .. အိပ်တယ်မမ ကျွန်တော်လေ့ကျင့်ခန်းထွက်လုပ်တာ"

" မျက်နှာတောင်မသစ်ရသေးဘဲနဲ့လား? ထားပါတော့ ဒီနေ့ ညနေ ဟွန်းနီး ကအလုပ်ကိစ္စနဲ့ ကိုရီးယားကိုခနပြန်လာမယ်တဲ့"

ချန်ယောလ်သိပါသည်။ ကျွန်တော့မမငယ် က ကျွန်တော်မပြောချင်တာကို အတင်းအကြပ်မေးလေ့မရှိ။ အခုလည်း ကျွန်တော့ရဲ့ဆီလျှော်မှုမရှိသည့်အဖြေကိုမယုံ ပေမဲ့ ဆက်မမေး What?Wait!!! ဟွန်းနီးဆိုတာ အကိုဆယ်ဟွန်းကိုပြောနေတာပဲ အားး အကိုဆယ်ဟွန်း ပြန်လာရင် အိုဆယ်ဟီး နဲ့ ဂျောင်ဆူး ကိစ္စတွေပေါ်ကုန်မှာပေါ့

" ချန်ယောလ် ငါပြောတာနားထောင်နေရဲ့လား ? နေမကောင်းဘူးလား? အခုတစ်လော ချန်ယောလ်ကိုကြည့်ရတာ ပုံမှန်မဟုတ်သလိုပဲ"

ရွှေမင်းသားနှင့်သူ၏စွာတေး(Uni/Zg)။ ‌ရွှေမင်းသားနှင့်သူ၏စွာတေးDonde viven las historias. Descúbrelo ahora