To...1

6 2 0
                                    

လွန်ခဲ့တဲ့ ​လေးနှစ်​လောက်တုန်းက...သူ..ကိုယ့် ဘဝထဲ ဝင်လာတယ်.. " ​ပေါက်စ..လမ်းမှာ​တွေ့ရင်လဲ  နှုတ်ဆက် " ဆိုတဲ့ စာ​လေးတစ်​ကြောင်းနဲ့ ။

အဲ့ဒီအချိန်​တွေတုန်းက ကိုယ်က ၉တန်း..
ဖုန်းကို ဂိမ်း​ဆော့ဖို့နဲ့ဆက်သွယ်ဖို့ပဲ သုံး..Facebookကို လုံးဝ မသုံးရဘူး ဆိုပြီး ကိုယ့်အစ်ကို က ​ပြောထား​ပေမယ့်..Line app ​လေးက ကိုယ့်ဆီ ​ယောင်လည်လည် ​ရောက်ချလာတယ်..။

​သိပ်​ပျော်စရာ​ကောင်းတယ်..group ​ပေါင်းစုံထဲမှာလဲ memberအဖြစ်ဝင်ပြီး စကား​တွေ​ပေါခဲ့တယ်..။ လူ​ပေါင်း ရာ..ချီ ရှိတဲ့ groupထဲမှာ ကိုယ်က ကိုယ့်သူငယ်ချင်း​တွေနဲ့ စကား​ပြော​နေတုန်း...တစ်ခါမှ မသိဘူးတဲ့ သူက ရုတ်တရက်ကြီး လူရင်း​တွေလို ကိုယ့်ကို လာခင်တယ်.. သူကလဲ ကိုယ့်သူငယ်ချင်း​တွေနဲ့ သူငယ်ချင်းပဲတဲ့..။

ဒီလိုနဲ့ သူရယ် ကိုယ်ရယ် ကိုယ့်သူငယ်ချင်း ရယ်.. သုံး​ယောက်သား ​groupဖွဲ့ပြီးနေ့တိုင်း လိုင်း​ပေါ်မှာ ​တွေ့ဖြစ်​တော့တယ်။ တစ်​ယောက် လိုင်း​ပေါ်မှာ မရှိချိန် ကျန်တဲ့ နှစ်​ယောက်​ပြောဆိုထားတာ message​ပေါင်း ​ထောင်​ကျော်​နေ​တော့ ​နောက်မှ ​ရောက်လာတဲ့သူက ဆဲ​ရော.. သုံး​ယောက်ဆုံရင် ကမ္ဘာပျက်တဲ့အတိုင်းပဲ..

Profile ​တွေ username​တွေ Bio​တွေ အကုန် ဆင်တူထားပြီး.. တခြားgroup​တွေထဲ သွား​မွှေကြတယ်.. အဲ့မှာ ရှိတဲ့ တခြား သူငယ်ချင်း​တွေက ကိုယ်​တွေကို လူလွဲကုန်​ရော....ဒီလိုနဲ့ အချင်းချင်း ကိုယ့်အပြင်ဘဝ ​တွေကို တစတစ ​ပြောလာကြပြီ.... အချိန်​တွေကြာလာ​တော့ ခင်မင်မှု​တွေကလဲ ​မောင်နှမ ရင်း​တွေအတိုင်း...

ပထမဆုံး ဖုန်းနံပါတ်​တွေလဲပြီး ဖုန်း​ခေါ်ကြတဲ့အချိန်က အခုထိ မှတ်မှတ်ရရ ပဲ.. သူ​ရော ကိုယ်​ရော ဘာမှမ​ပြောဘဲ ရယ်​နေ​တော့တာ.... သူက ကိုယ်စကား ​ပြောတာ​တောင် ရယ်​နေပြန်​တော့ ဆဲမိသလား ဘာလား မမှတ်မိ​တော့ပါဘူး..ဖုန်းချပြီး ​နောက် စာပို့တယ်.. " နင်က တစ်ကယ့် က​လေး အသံ​ "တဲ့ ရယ်​နေတဲ့ emoji​လေး​တွေ ပါမယ် ထင်တာပဲ.. ကိုယ့် သူငယ်ချင်းနဲ့ ဖုန်း​ပြောတာက​တော့ ​ထွေ​ထွေထူးထူး မရှိဘူး..ဟိုးအရင်ကတည်းက ခင်လာတာဆို​တော့..

ဒါ​ပေမယ့် အကုန်လုံးက လိုင်း​ပေါ်က သူငယ်ချင်း​တွေ.. အပြင်မှာ ဘယ်သူမှ အချင်းချင်း မ​တွေ့ဖူးကြဘူး..။

တစ်​နေ့မှာ​တော့ သူက ​ပြောလာတယ်..
" ငါ နင်တို့ကို ​တောင်းပန်စရာ ရှိတယ်..အမှန်ကိုသိရင် ငါ့ကို နင်တို့ ဆက်မခင်​တော့မှာ စိုးလို့ " တဲ့..။

You've reached the end of published parts.

⏰ Last updated: Dec 25, 2019 ⏰

Add this story to your Library to get notified about new parts!

Hurts (Essay,poem,etc..)Where stories live. Discover now