"မား.. မား.."
ကျွန်တော်အရှေ့မှာရှိနေတဲ့မားကို လှုပ်နှိုးနေခဲ့သော်လည်း မားဆီကဘာအသံမှမကြားရဘူး...။ ကျွန်တော်လက်မှာသွေးတွေပေနေတယ်...။ ဘယ်သူသွေးတွေလဲ...? မားဆီကလား...? ကျွန်တော်ကြည့်လိုက်တော့... မားရဲ့ဝမ်းဗိုက်နားမှာသွေးတွေထွက်နေတယ်...။ ကျွန်တော်ကြောက်တယ်...။ တစ်ယောက်ယောက်လာကယ်ပေးကြပါ...။ ကျွန်တော်အရမ်းကြောက်တယ်...။ ဒီနေရာကြီးကအရမ်းမှောင်တယ်...။ ကျွန်တော်ကြောက်တယ်...။ မားကလည်းကျွန်တော့်အနားကနေထွက်သွားပြီ...။
"မား.... မသွားပါနဲ့.. မား... မား..."
ကျွန်တော်လန့်နိုးလာတယ်...။ ကျွန်တော်ဒီအိပ်မက်ဆိုးတွေကနေ ဘယ်တော့မှလွတ်မြောက်နိုင်မှာလဲ...။ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဒီအိပ်မက်ဆိုးနဲ့ဖြတ်သန်းနေရတာ... စိတ်ကုန်လာပြီ...။
"မား... သားတောင်းပန်ပါတယ်... မားရဲ့စကားကိုနားမထောင်မိလို့ အခုလိုတွေဖြစ်ရတာ... မားသေသွားတာ သားကြောင့်ပါ...."
အဲ့နေ့ကသာ မားရဲ့စကားကိုနားထောင်လိုက်ရင်...။ မားကခုချိန်ထိ ကျွန်တော်နဲ့ရှိနေရမှာ...။ မားနောက်ဆုံးချိန်ထိပြောသွားတဲ့စကားကို ကျွန်တော်သေသေချာချာမှတ်မိနေသေးတယ်...
"သား... သူစိမ်းတွေကိုမယုံရဘူးနော်... သူစိမ်းတွေကသားကို အန္တရာယ်ပေး လိမ့်မယ်..." တဲ့...
ကျွန်တော်အဲ့စကားကို နားမထောင်ခဲ့မိလို့ ခုလိုမျိုးဖြစ်ရတာ... မားပြောတာမှန်တယ်... ကိုယ်နဲ့မသိတဲ့ သူစိမ်းတွေကအရမ်းကြောက်ဖို့ကောင်းတယ်...။
ကျွန်တော်ပြန်အိပ်ဖို့ကြိုးစားလိုက်ပေမဲ့... အိပ်လို့မရတော့ဘူး...။ ကျွန်တော်မျက်လုံးမှိတ်လိုက်တိုင်း.... သူတို့ရဲ့ကြောက်စရာ ကောင်းတဲ့မျက်နှာတွေပဲမြင်လာတယ်...။ ဒီနေ့လည်းအိပ်လို့ရတော့မှာမဟုတ်ဘူး...။ ကျွန်တော်အိပ်ရာကထပြီး စာကြည့်စားပွဲဆီသွားလိုက်တယ်...။ ဒီလို့နဲ့ပဲ အချိန်တွေကုန်ပြီး... မနက်တောင်ရောက်နေပြီးပဲ....။
"ထယ်ယောင်းရေ... နိုးပြီလား... ငါဝင်လာခဲ့မယ်..."
စကားဆုံးတာနဲ့ ချက်ချင်းပဲ အခန်းထဲကို ရောက်လာတဲ့... ကျွန်တော့်ရဲ့ ယွန်းဂီ hyung...
YOU ARE READING
Reborn to Revenge (Zawgyi+Unicode)
RandomUnicode ၆နှစ်သားအရွယ်မှာဖြစ်ခဲ့တဲ့ အဖြစ်ဆိုးကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရပြီး xenophobiaလို့ခေါ်တဲ့ သူစိမ်းတွေကိုကြောက်တဲ့စိတ်ရောဂါရသွားသောကြောင့် ဖခင်ကအမျိုးတွေပဲရှိတယ် နယ်မြို့လေးမှာပဲနေထိုင်စေခဲ့သောကောင်လေးတစ်ယောက်.... ထိုကောင်လေးဟာ အမှတ်မထင်ဘဲ...