part 12(Unicode)

6.1K 469 15
                                    

နေရောင်ခြည်ဖျော့ဖျော့ကကျောင်းဝန်းလေးထဲသို့ချည်းကပ်လာနေပြီး
ကလေးတချို့ကတော့ ဝီရိယကောင်းစွာ
အိမ်မှစောစောထွက်လာကာ ကစားနေကြပြီဖြစ်သည်။
မောင်စာကြည့်တိုက်အတွက်စာအုပ်စာရင်းလုပ်ရန်
ရုံးခန်းရောက်နှင့်နေသည်။
သက်စုငြိမ်း ရောက်ရှိကြောင်းလက်မှတ်လာထိုးပြီး

"မောင်..... "

"ဟေ....ရွှေသွေး အပြင်တခြားဘာထည့်ရင်ကောင်းမလဲ"

"Fiction တွေထည့်လိုက်လေ ဗဟုသုတရတာပေါ့ "

မောင် မျက်လုံးအသာလှန်ကာဆွေကြည့်နေမိသည်။
သက်စုကတော့စပ်ဖြီးဖြီး....

"ငါနင်အဆင်ပြေရဲ့လားမေးမလို့ "

"ပြေပါတယ် ဘာလို့လဲ"

ရုတ်တရက် သက်စုကသွားကြီးဖြီးပြလာပြန်သည်။

"ဆရာမ ဆရာမ "

သနပ်ခါးတွေပုံနေအောင်လိမ်းထားပြီးကျစ်စာမြှီးကလေးနှစ်ဖက်ခွဲကျစ်ထားသော
ကျောင်းသူလေးတစ်ယောက်ကတံခါးဝမှ
သက်စုငြိမ်းအားလက်ကလေးပိုက်ကာခေါ်သည်။
သက်စုကလှည့်ကြည့်ကာမှ.....

"ဆရာမကို ဦးလေးကြီးတစ်ယောက်ရှာနေတယ် "

ဘယ်သူဘယ်ဝါရယ်သက်စုမေးမနေတော့
မေးနေလည်း ဒီကလေးကဘယ်သိလိမ့်မလဲ.....
သက်စုထွက်သွားရာနောက်မောင်ခေါင်းလေးစောင်းရင်းလိုက်ကြည့်မိသည်။

သေချာတာပေါ့ ခင်ဗျားပါဘဲ....ဟက်....

မောင့်ရဲ့အတွေးတို့ဆယ်စုနှစ်တခုစာနောက်ပြန်ရစ်ကြည့်မိသည်။
အဲ့ဒီအချိန်က မောင် ကိုးတန်း.....
မောင့်တွင်သက်စုအပြင်
တခြားသူငယ်ချင်းတစ်ယောက်ပါရှိနေခဲ့သည်။
ထိုသူက....

အသားညိိုညို အရပ်မြင့်မြင့်
ထောင့်မှန်စတုဂံပုံမျက်မှန်လေးက
သူနဲ့လိုက်ဖက်လွန်းတယ်လို့ဆိုရမည်။
ယောက်ျားလေးမိန်းကလေးခွဲထိုင်ရမို့
မောင်နှင့်သူ ကပိုအနေနီးသည်။
အချစ်ဦးကိုမြေးဦးရတောင်မမေ့ဘူးဆိုတာမျိုး
ရင်ဘတ်ထဲကတဆစ်ဆစ်.

စာအုပ်ထပ်တိုင်း ဘယ်စာအုပ်မှကြားညှပ်မခံခဲ့တာ
မျိုး
မုန့်စျေးတန်းသွားတိုင်းခပ်သေးသေးမောင့်ကိုလူညပ်မှာစိုးလို့ ကာကွယ်ပေးခဲ့တာကတဖုံ....
ထမင်းချိုင့်ဖွင့်လို့ဟင်းမကောင်းရင်ဟင်းလဲပေးခဲ့ပြီး
မောင့်ကြိုက်တဲ့ဟင်းတွေတကူးတကယူလာပေးခဲ့တာနဲ့
တွက်မရတဲ့စာတွေကူရှင်းပြတာမျိုးတွေနဲ့
မောင့်စိတ်ကိုအရောင်ဆိုးခဲ့ပေမဲ့
နောက်ဆုံးကျ.....

ရေခဲ​တုံးအားမီးမြှိုက်ခြင်း(completed)Where stories live. Discover now