part.8 💕

2.8K 139 1
                                    


အချစ်ဆိုတာ တကယ်ပဲ ဘာလဲလို့ သိချင်မိတယ်
ရှင်သန်လာတဲ့ အသက်၂၄နှစ်ရှိခဲ့ပြီ
မိဘရဲ့အရိပ်အောက်မှာလုံခြုံခဲ့တယ် ချစ်သူ့ရဲ့အရိပ်အောက်မှာကနွေးထွေးတယ်...

ဒါပေမဲ့ ရိပေါ်လေးက ကောကိုမချစ်ဘူးထင်ပါတယ် ကောကတော့ရိပေါ်မချစ်လဲချစ်မှာပဲ တဖက်သတ်အချစ်လို့ပဲဆိုဆို မိုက်ရူးရဲဆန်တဲ့အချစ်လို့ပဲပြောပြော တစ်ချိန်ကြရင်ကွဲကွာရမှာသ်ပေမဲ့ နီးစပ်နေတဲ့အချိန်လေးမှာ ရိပေါ်နားမှာပျော်ပျော်ကြီးနေပါရနော်

မားပြန်ပေးဆွဲခံရတုန်းက ပါးက ရိပေါ်နဲ့လိုက်သွားလို့ပေါတုန်းက ကောဘယ်လောက်ပျော်ခဲ့ရလဲသိလား ကောရင်ထဲမှာမားအတွက် ဝမ်းနဲနေပေမဲ့ တစ်ဖက်ကလဲ ရိပေါ်နဲ့လိုက်ခဲ့ရလို့ပျော်နေခဲ့ပါတယ်ကွာ ဒါကို ငိုလို့ဆိုပြီး ရိပေါ်လေးက ကောကိုစိတ်ဆိုးဒေါသထွက်တယ်နော်

.....

မနေ့က ခြံထဲကိုဝမ်ချောင်ရောက်လာတယ် အားကိုးတကြိးနဲ့ ရိပေါ်ကိုခေါ်မိတယ်
ဒါမဲ့ ဝမ်ချောင် အဲ့ဒီယုတ်မာတဲ့ဝမ်ချောင်က သူ့လက်ကလက်စွပ်ရဲ့အချွန်တစ်ခုနဲ့ထိုးစိုက်သွားတာ
သိတာပေါ့ သူ့လိုမူးယစ်ယာဇာ တစ်ယောက်က မူးယစ်ဆေး ထိုးသွင်းသွားတယ်ဆိုတာကို

သူကပြောသွားသေးတယ် သူအဖမ်းခံရလဲ ပါး မားနဲ့ ရိပေါ် ရိပေါ်ပါးတို့ အားလုံးကို အသက်ရှင်စေချင်ရင် ကောကို ရိပေါ်ရဲ့အဝေးဆုံး အာလုံးရဲ့အဝေးဆုံးကို ထွက်သွားရမယ်တဲ့

အဲ့လိုမလုပ်ရင် ကောချစ်ရတဲ့အားလုံးကို မသေမရှင်ဖြစ်အောင်လုပ်ပစ်မယ်တဲ့

လုပ်ငန်းကိစ္စတေကို နားမလည်ပေမဲ့ ခု ရိပေါ်လေးခေါင်းခဲနေတာ ကောသိပါတယ် ကောထွက်သွါးရင် အားလုံး အဆင်ပြေသွားမှာပါ

ဟုတ်တယ် ငါမရှိတော့ရင် အားလုံးအဆင်ပြေသွားမှာပါ

ဒါပေမဲ့ ကောပျော်ပါတယ် ကောချစ်တဲ့ရိပေါ်လေးနဲ့ပေါင်းဖက်ခွင့်ရလို့ ကောရဲ့ပထမဆုံးကိုပေးခဲ့ရလို့ ပျော်ပါတယ်ရိပေါ်လေးရယ်

ရိပေါ်လေးကလဲ ကောကိုမုန်းနေမှတော့ ကောလဲဆက်မရှိချင်တော့ပါဘူး

The Heartbeat for you!(Complete)Where stories live. Discover now