BeiTong Moran💚

13 0 0
                                    

ဦးရီးတော်တဲ့လား
ဝမ်ရယ်တဲ့လား
တိုင်းပြည် ပြည့်ရှင်နီးပါး အာဏာရှိသောလူသား
ယခင်မင်းကြီးရဲ့ညီတော် ယခုလက်ရှိမင်းကြီးရဲ့ဦးလေး
BeiTong Moranဆိုတဲ့လူသား

ဘဝမှာအမြဲပြည့်စုံလို့ လူတကာအမြင်မှာအားကျစရာလူသားတဲ့လား
ဟားတိုက်လို့တောင်ရယ်မိဦးမယ်
ရုပ်ရည် စည်းစိမ် အာဏာ အပြစ်ပြောစရာမရှိသောလူသား
ဒီလူသားရဲ့ရင်ထဲကိုဝင်ကြည့်ဖူးရဲ့လား
အပြင်ပန်းကြည့်ရုံနဲ့အားကျနှစ်သက်နေသတဲ့လား

မင်းသားတစ်ပါးဆိုပေမဲ့ ထီးနန်းအရိုက်အရာအတွက် နောင်တော်ဖြစ်သူအိမ်ရှေ့စံထက် ခြေတစ်လှမ်းနောက်ကျမပြည့်စုံခဲ့တဲ့လူသား

တူတော်လေးမွေးဖွားလာချိန်မှာ ဦးရီးတော်အဖြစ်သာ ကျေနပ်ခဲ့ရတဲ့လူသား

နှစ်သက်ရသော အမျိုးသမီးကိုတွေ့ပြန်တော့လည်း တူတော် မင်းကြီးထက် ခြေတစ်လှမ်းနောက်ကျခဲ့သောလူသား

ဘယ်လောက်တောင်နာကျင်ခဲ့မလဲ
ဘယ်လောက်တောင်ကြေကွဲခဲ့မလဲ

အားကျသေးရဲ့လား BeiTong Moranရဲ့ဘဝကိုလေ
ယှဉ်ပြိုင်မှုတွေမှာ ခြေတစ်လှမ်းနောက်ကျတာနဲ့ ကိုယ်နှစ်သက်တဲ့အရာကိုလက်လွှတ်ဆုံးရှုံးခဲ့ရတာတွေ ခံစားဖူးကြရဲ့လား

အို...ကျွန်မချစ်ရသော ဝမ်ရယ်
ရှင့်ရဲ့ခံစားချက်ကို ကျွန်မနားလည်ပါတယ်
ကိုယ်ချစ်မြတ်နိုးရသူက တခြားသူကို နှစ်သက်နေတာ
ဘယ်လိုခံစားရလဲ ကျွန်မသိပါတယ်

ဝမ်ရယ်...အရင်ကတည်းက ရှင့်ကိုသာကြည့်လာတဲ့ကျွန်မကို
ရှင်မမြင်ခဲ့တဲ့အတွက် ရှင့်ကိုအပြစ်မမြင်ရက်ပါဘူး
ရှင့်ရဲ့အကောင်းဆုံးမိတ်ဆွေအနေနဲ့သာ
ကျွန်မ ရှင့်ရဲ့ရင်ဖွင့်မှုတွေကို နားထောင်ပေးနေမှာပါ

#SueEr

The Characters by Xiao Fei XiaWhere stories live. Discover now