Permit

3.6K 159 5
                                    

<Unicode>

(Chanyeol 'pov)

"Bubble tea.တဘူး.."

"ဟုတ်ကဲ့"

လွယ်အိတ်လေးလွယ်ပြီးဝင်လာတဲ့ကောင်လေးက bubble teaတဘူးမှာသည်
သူ့​ကြည့်ရတာတော်တော်ငယ်မဲ့ပုံပဲ

မျက်နှာထားကတော့မာသလိုလိုပျော့သလိုလိုနဲ့

"ရပါပြီ"

သူကအိတ်ကပ်ထဲကပိုက်ဆံကိုထုတ်ကာ ကိုယ်လှမ်းပေးလိုက်သည့် bubble teaဘူးကို ကိုယ့်လက်လွတ်သည့်နေရာမှမရအရကိုင်ကာယူသွားသည်

ဘာလား ကြီးကျယ်လိုက်တာ အသားချင်းတောင်မထိချင်ဘူးပေါ့လေ

"Chanyeol ဘာတွေတွေးနေတာလဲ..အလုပ်ကိုအာရုံစိုက်"

"အေးပါဟ"

Jongdaeကကိုယ်နဲ့ဒီဆိုင်တခုထဲမှာအလုပ်လုပ်တာလေ ကိုယ်ကဒီနေ့မှအလုပ်စဝင်တာဆိုတော့သူ့စီကပဲမသိတာသင်ရတယ်

Jongdaeကသဘောကောင်းပါတယ် ခင်လဲခင်တတ်တယ် ပြောရရင်ကိုယ်နဲ့ကီးကိုက်တယ်ပေါ့

သူဌေးတောင်သူ့လော​က်ကိုယ့်ကိုအလုပ်မခိုင်း သူကအသေခိုင်းသည် 

အခုတောင်ကြည့်ပါလား နည်းနည်းလေးတွေးမိတာကိုဆရာလာလုပ်နေတယ်

"ခုနကထွက်သွားတဲ့ကောင်လေးကိုသိလား သူကတော်တော်ကြီးကျယ်တာပဲနော်"

ဝယ်သူတွေမလာသေးတာကြောင့် jongdaeစီမှာခုနကကောင်လေးအကြောင်းအတင်းတုတ်နေလိုက်သည်

"သူကအဲ့လိုပဲ..ဒီမှာအမြဲလာဝယ်နေကျ ဘယ်သူနဲ့မှလဲစကားပြောတာသိပ်မတွေ့ဘူး"

"ကြီးကျယ်တာတော့ဟုတ်ပေမဲ့ တော်တော်တော့ချစ်ဖို့ကောင်းတယ်ကွ😁"

Jongdaeကကိုယ့်ကိုမျက်စောင်းလှမ်းထိုးသည်
တကယ်လဲဟုတ်တယ် အဲ့ကောင်လေးမျက်နှာကိုခဏပဲကြည့်လိုက်ရပေမဲ့ ကြွေရုပ်​လေးလို ချစ်စရာကောင်းလွန်းသည်

အပြုံးမရှိသောနှုတ်ခမ်းက နှင်းဆီနီရောင်သန်းနေကာအသားအရည်ကလဲပြောစရာမလိုအောင် ဖြူဖွေးနေသည်

Permit (Z and U) Completed Where stories live. Discover now