Permit

2.2K 180 9
                                    

<Unicode>

"Chanyeol...မသွားပါနဲ့ကွာ"

ကိုယ့်လက်မောင်းကိုကိုင်ရင်း jongdaeတယောက်စိတ်မကောင်းစွာပြောတယ်

သူဌေးစီမှာအလုပ်ထွက်ခွင့်ပြုဖို့ပြောပြီးပြီလေ...
3လတောင်မပြည့်ပဲအလုပ်ထွက်လိုက်ရတာအားနာပေမဲ့ ဒီနေရာကိုမြင်ရင်..သူ့ကိုမြင်ရင်...

ကျတော်ထပ်ပြီးခံစားနိုင်မယ်မထင်ဘူး

မနည်းပြန်ဆက်ထားတဲ့နှလုံးသားကနောက်တကြိမ်ကွဲကြေမခံနိုင်တော့ဘူး..

သတ္တိကြောင်တယ်ပဲပြောပြော ကျတော်ဒီခံစားချက်တွေနဲ့အဝေးကိုထွက်ပြေးချင်တယ်

"Mianae jongdae..ငါသွားမှဖြစ်မယ်"

"Chanyeolရာ..နောက်တခေါက်လောက်စဥ်းစားပါဦးလား"

"ငါစဥ်းစားပြီးပြီ အဖြေကတော့မပြောင်းလဲဘူး"

တောင်းပန်ပါတယ် jongdae..မင်းနဲ့ခင်မင်ခွင့်ရတာငါပျော်ပါတယ်

ဒီမှာအချိန်တွေပေး ရင်းနှီးမှုတွေယူပြီးမှဒီလိုထားခဲ့ရတဲ့အတွက်လဲငါစိတ်မကောင်းပါဘူး

"နောက်မှတွေ့မယ်jongdae.."

Jongdaeကိုနှုတ်ဆက်ကာလေးလံတဲ့ခြေလှမ်းတွေနဲ့ ထိုဆိုင်ထဲကထွက်လာခဲ့တယ်

ကျေးဇူးပြုပြီး နာကျင်စရာအမှတ်တရတွေ ဒီနေရာမှာပဲကျန်ခဲ့ပါတော့

"..ဟင်"

ကျတော့်ဆုတောင်းတွေမပြည့်ခဲ့
ဆိုင်ကိုဦးတည်ပြီးလျှောက်လာတဲ့သူက ကျတော်သိပ်ချစ်ရတဲ့ bubble hunnie...arni sehun..

ရှေ့ကိုတည့်တည့်မကြည့်ပဲလျှောက်လာတာကြောင့် ကျတော့်ကိုမမြင်သေးခင်မှာပဲ ထိုနေရာကခပ်သွက်သွက်ထွက်လာခ့ဲတယ်

တော်သေးတယ်...
သူနဲ့သာမျက်နှာချင်းဆိုင်ရမယ်ဆို ဒီရင်တွေတော့ကြေမွကုန်တော့မှာပဲ

...Other side.....

Sehun'pov

"Bubble tea...ဟင်"

Permit (Z and U) Completed Where stories live. Discover now