တစ်ခါတစ်လေတော့လဲပင်ပန်းတယ် မောင်
ဖန်သားပြင်ခြားတဲ့  တွေ့ မြင်ရမှုမှာ
အရမ်းအားမရတာမျို့း့ 
မောင်ပြုံးလိုက်တဲ့ အခါ
ပါးချိုင့်နက်နက်မှာ ပြေးခိုချင်တဲ့ အချိန်ခါမျို့း့ 
အသားဖြူဖြူအရပ်မြင့်နဲ့ မောင်ဟာ
ကိုယ့်အပိုင်ပါလို့  ဂုဏ်ယူချင်တာမျို့း့ 
မောင့်ရင်ထဲနေရတာ အားမရလို့ 
နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း ခုန်ချချင်တဲ့ အခါမျိုး
အစရှိသဖြင့်ပေါ့မောင်ရယ်
မောင်နဲ့ ကိုယ်ဟာ အဝေးကြီးမှာလို့  တွေးမိချိန်မျိုးမှာ
မကျချင်တဲ့  အလွမ်းမြစ်ဟာ
ကိုယ်ပါးကို ကျီစယ်လေရဲ့ 
တစ်ခါတလေ တွေများလာတဲ့ အခါ
တနင့်တပိုး ကိုယ်ပင်ပန်းရသလောက်
နက်နက်ရှိုင်းရှိုင်း လွမ်းပါတယ် မောင့့် ။

ВЫ ЧИТАЕТЕ
လွင့်မျောခြင်း နိယာမ :::::::
Поэзияဥပေက္ခာအခန်းကျဉ်းထဲမှာ မမြင်မစမ်းနဲ့  ခင်ဗျားကိုလွမ်းနေရတာလဲ ငရဲပါပဲ့ 