1

4.4K 124 8
                                    


'အမလေးနော် အပျိုကြီးက ဒီနေ့မှ ပိုလှနေသလိုပဲ..'

ဆံပင်ကို တစ်ဝက်တည်းဖြစ်သလိုစည်းထားပြီး တီရှပ်အဖြူလေးပေါ်မှာမှ ခြေသလုံးလောက်ထိရောက်တဲ့ ဆွယ်တာလက်ရှည်လေးထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီအပွကြီးဝတ်ထားတာတောင် တစ်မျိုးလေးဆွဲဆောင်မှုရှိနေတဲ့ သူငယ်ချင်းဖြစ်သူကို jisoo မချီးကျူးပဲမနေနိုင်ပေ....

ဒင်းက ဂုန်နီအိတ်ကိုချုပ်ပြီး ဝတ်ခိုင်းရင်တောင် ကြည့်ကောင်းနေအုံးမှာ....

'ငါမလှတဲ့နေ့ရှိဖူးလို့လား?ငါက ငိုနေရင်တောင် လှတယ်...ပြီးတော့ ငါ့ကိုအပျိုကြီးလို့မခေါ်နဲ့!!ငါ့အသက် အခုမှ 31နှစ်ပဲရှိသေးတာ!!'

'အေးဟယ် ငိုနေရင်တောင်လှတဲ့နင့်မှာ အခုထိ ရည်းစားလေးမရှိတာငါအံ့သြတယ်...☹'

'နားစမ်းပါ ဘဝမှာအရေးမပါတဲ့အရာတွေ..!!နင်သိလား ရည်းစားထားတာ အိမိထောင်ပြုတာတွေကို လူမိုက်တွေပဲလုပ်တာ...'

'ဟဟ..နင်သိလား အဲ့လူမိုက်တွေလုပ်တဲ့အလုပ်ကို ဘဝမှာတစ်ခါလောက်တော့သေချာပေါက်လုပ်သင့်တယ်တဲ့..'

Jisoo ပြောတာကြားတော့ မျက်နှာကြီးစူပုတ်ပြီး...

'တော်ပြီဟာ...အခုငါ့ကိုခေါ်ပြီး ဘယ်သွားမလို့လဲ?? စာအုပ်ဆိုင်မှာ စာအုပ်ဝယ်ပြီး ပြိုင်ဖတ်အုံးမလို့လား'

'ဒီတစ်ပတ်တော့ စာအုပ်မဖတ်တော့ပါဘူး...ငါ့တူမလေးကိုသွားကြိုမို့ လိုက်ပေး'

လေဆိပ်မှာ နယူးဇီလန်ကလာတဲ့ တူမငယ်ကို တစ်ယောက်ခဲသွားကြိုဖို့ပျင်းတာနဲ့ တစ်ဦးတည်းသောသူငယ်ချင်းလေးကို အဖော်ခေါ်လိုက်တယ်....

'ဘယ်ဥကပေါက်တဲ့ တူမလဲ!!'

ဘယ်လိုတောင် ဘုဂလန့်ကျတဲ့အပြောလဲ ဒါပေမယ့် jisoo ပဲစိတ်လျော့လိုက်ပြီး.....

'ကိုကို့ရဲ့ သမီးလေ young ငယ်လေး နင်သိပါတယ်...'

'သိပါ့..ဒါဆိုမြန်မြန်သွားရအောင်..လေဆိပ်ရောက်ရင် ငါကားထဲကပဲစောင့်မှာနော်...လူများများကြီးနဲ့ ငါအဆင်မပြေလို့'

======================

ဖတ်ဖူးတဲ့စာအုပ်လေးထဲက အကြောင်းအရာနည်းနည်းလေးယူပြီးရေးထားပါတယ်....

chaennie fic လေးပါ.....

🍒🍒

အသည်းကို  ချမ်းသာပေးပါ Where stories live. Discover now