4

1.2K 107 13
                                    


'မင်္ဂလာပါ မေမေ.. young ကိုမှတ်မိရဲ့လားရှင့်...'

သူမရှေ့မှာ ရပ်နေတဲ့ အနာဂတ်ယောက်ခမလောင်းကြီးကို အတတ်နိုင်ဆုံး စကားသံချိုချိုလေးနဲ့ နှုတ်ဆက်လိုက်တယ်...

'Chu ရဲ့ တူမလေးမဟုတ်ဖူးလား...အရပ်ကြီးလဲရှည်ပြီးထွားလာလိုက်တာ ကြည့်ပါအုံး nini ထက်တောင်ပိုထွားသွားပြီ'

'ဟီး..ဒါနဲ့ ဖေဖေရော..'

လုံးဝ အပြစ်ကင်းစင်တဲ့မျက်နှာထားလေးနဲ့ ပြောနေတဲ့ chaeyoung ကို jennie မကြည့်နိုင်တော့တာနဲ့...

'မေမေ..Nini ရေ အရင်ချိုးလိုက်အုံးမယ်..ပြီးမှ ထမင်းအတူစားကြမယ်နော်..ချစ်တယ် မေမေ'

ဟိုအနှီကောင်မလေးကို မကြည့်တော့ဘဲ အပေါ်တန်းတက်လာခဲ့သည်...
ကိုယ်က ဖိတ်ခေါ်ထားတာမဟုတ်တော့ ဧည့်ခံနေစရာလဲမလိုဘူးလေ ဟုတ်တယ်မို့လား..
ဖြစ်ချင်ရာဖြစ် မေမေနဲ့ပစ်ထားခဲ့လိုက်တယ်....

'ငါရေချိုးမပြီးခင် ပြန်လောက်မယ်ထင်တာဘဲ'

Jennie ဗိုက်ဆာနေတာနဲ့ ရေမြန်မြန်ချိုးပြီး အောက်ကိုဆင်းလာခဲ့တယ်...
မျက်နှာလေးရေစိုနေတာသဘောကျလို့ ရေမသုပ်ဘဲ ဒီတိုင်းထားလိုက်တယ်....

'ရိုစီ မပြန်သေးဘူးလား!!မင်းပြောတော့ မေမေနဲ့နှုတ်ဆက်ပြီး တန်းပြန်မှာပါဆို!'

'.....'

'Nini ရယ် ဘယ်လိုကြီးပြောလိုက်တာလဲ ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို ပြီးတော့သူစိမ်းလဲမဟုတ်ဖူး'

'ဟုတ်တယ် သမီး...ကိုယ့်အိမ်လာတဲ့သူကို အဲ့လိုဆက်ဆံရမယ်လို့ ဖေဖေတို့မသင်ထားပေးပါဘူး ဘယ်ကတတ်လာတာလဲ...'

ဖေဖေကပါဝင်ပြောနေတော့ Jennie မျက်နှာ မသာမယာဖြစ်လာပြီ...ကလေးရှေ့မှာ အဆူခံနေရတဲ့အဖြစ်...

Chaeyoung ကတော့ သူနဲ့မဆိုင်တဲ့အတိုင်း တိတ်တိတ်လေးနေနေတယ်လေ...
Jennie မကြိုက်တာအဲ့တာဘဲ လူကြီးတွေရှေ့ဆို မခုတ်တတ်တဲ့ကြောင်လေးလိုနေပြီး ကွယ်ရာရောက်ရင်ကျတစ်မျိုး....အဝတ်မရောင်းဘဲ မင်းသမီးလုပ်ရမှာ..

Chaeyoung သူမရှေ့မှာ မျက်နှာကြီးစူပုတ်ပြီး အဆူခံနေရတဲ့ jennie ကိုကြည့်ပြီးရယ်ချင်နေသည့်စိတ်ကိုထိန်းထားလိုက်သည်..
ရေစက်ကလေးတွေတင်နေတဲ့ မျက်နှာလေးက တစ်မျိုးဆွဲဆောင်မှုရှိနေပြန်တဲ့ သူမရဲ့လူကြီးကိုလဲ ကြည့်မဝရှုမဝဖြစ်နေတယ်..
လှလိုက်တာ....

အသည်းကို  ချမ်းသာပေးပါ Where stories live. Discover now