နဖူးပေါ်သို့ကျရောက်လာသည့် အနမ်းနွေးနွေးကစပြီး မျက်နှာပြင်တစ်ခုလုံးကို ထိတွေ့လာသည့်အနမ်းတွေရဲ့ အဆုံးသက်က နှုတ်ခမ်းသားပါးပါးလေးမှာ....။
ရှောင်းကျန့်တစ်ယောက် မနက်နိုးထလာတော့ ပုံမှန်မက်နေကြ အိမ်မက်လေးထဲကနိုးထလာခဲ့သည်။
ဒီအိမ်မက်သည် ရှောင်းကျန့် ဒီနယ်မြို့လေးကို ဆရာဝန်အဖြစ်စရောက်သည့်နေ့ကစ မက်ခဲ့ရသောအိမိမက်ဖြစ်သည်။
အိမ်မက်လေးကရိုးရှင်းပါသည်။ ဘာကြောင့်ရိုးရှင်းတာလဲဆိုတော့ အိမ်မက်ထဲမှာ ရှောင်းကျန့်သည် တစ်စုံတစ်ယောက်၏ အနမ်းကိုခံနေရသည်တဲ့။ ဘာကြောင့်လဲမသိ ရှောင်းကျန့်ပင် ဒီအိမ်မက်လေးကိုအသားကျလာခဲ့ပြီ။
စပြီးအိပ်ပျော်သွားပြီဆိုတာနဲ့ နဖူးပေါ်ကျလောက်လာသည့်အနမ်းလေးကစ အနမ်းတွေရဲ့အဆုံးသက် နှုတ်ခမ်းပါးပါးလေးမှာအချိန်ကြာမြင့်သည်။ ဒါနဲ့ဒီနေ့တော့ ထူးထူးခြားခြားနမ်းခံရသည့် လည်ပင်းသားလေးကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးမှာပြုံးလိုက်မိရင်း ကုတင်ပေါ်ကထိုင်လိုက်သည်။
ဆေးခန်းသွားရဦးမည်မလို့ ရေချိုးလိုက်ဦးမည်။
ရှောင်းကျန့်ရေချိုးဖို့အဝတ်တွေချွတ်ပြီး မှန်ရှေ့ရပ်မိသည့်အခါ အိမ်မက်ထဲမှာအနမ်းခံထားရသည့် လည်ပင်းသားနေရာလေးမှာ ထူးခြားမှုတစ်ခုကိုတွေ့လိုက်ရသည်။
ကျပ်ပြားစေ့အရွယ်ရှိ အနီရောင်အရာလေးတစ်ခု။
ရော်....အနမ်းခံရသည်လို့ အိမ်မက်မက်သည့်နေရာတည့်တည့်မှာမှ အကောင်ကိုက်သွားရတယ်လို့။
.
.
." ဒေါက်တာ ရောက်လာပြီလား..."
ရှောင်းကျန့်ဆေးခန်းထဲစဝင်တဲ့အချိန်မှာ သူနာပြုလေးကနှုတ်ဆက်လာသည်။
" ရောက်လာပြီဆရာမ ၊ ဒါနဲ့လူနာတွေရော ရောက်နေပြီလား..."
" ဟုတ်ကဲ့ ရောက်နေကြပါပြီ ဒေါက်တာ။ ဒါနဲ့ ဒီနေ့လဲ ဒေါက်တာရဲ့ ပထမဆုံးလူနာကတော့ ဝမ်ရိပေါ်ပါပဲရှင့်..."
သူနာပြုလေးစကားကြောင့် ရှောင်းကျန့်သည် မနိုင်သလို ခေါင်းလေးခါပြီး သဘောကျစွာရယ်သည်။