တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတဲ့ ခန္ဓာကိုယ်က အနီကွက်တွေကြောင့် ရှောင်းကျန့်ဟာ အဖြေရှာမရ စိတ်ရှုပ်လာရသည်။
သူများရောဂါတစ်ခုခုဖြစ်နေတာလားဆိုသည့် အတွေးနဲ့ စိတ်ညစ်ပြီး ရှောင်းမာမားကိုဖုန်းဆက်မိသည်။ ဒါကြောင့် ရှောင်းမာမားဟာစိတ်ပူစွာဖြင့် ရှောင်းကျန့်နားလိုက်လာခဲ့သည်။
ဒါပေမယ့် ရှေးမှီနောက်မှီဖြစ်သည့်မာမားသည် ရှောင်းကျန့်ခန္ဓာကိုယ်ကပေါ်က အနီကွက်များကိုမြင်ရင် မျက်နှာလေးပျက်သွားပြီး ရှောင်းကျန့်ကို မြို့ကိုခေါ်ပြန်ဖို့ပြင်သည်။
" မာမား "
" မဖြစ်ဘူးသားရှောင်း သားရှောင်းဒီကနေပြန်မှဖြစ်လိမ့်မယ်..."
" ဘာဖြစ်လို့လဲမာမားရဲ့ သားဘားမှမဖြစ်ပါဘူး အရေပြားလေးမှာ အနီကွက်လေးထနေယုံပါ..."
" အိုး...ဘာပဲဖြစ်ဖြစ်သားရှောင်း မာမားနဲ့အခုအိမ်ပြန်ရမယ်..."
မာမားရဲ့စိတ်မြန်လက်မြန်မှုကြောင့် ရှောင်းကျန့်ဟာ ညတွင်းချင်းပင် မာမားနဲ့အတူ အိမ်ပြန်ခဲ့ရသည်။ ဒါပေမယ့် အိမ်ရောက်တော့မာမားသည် ရှောင်းကျန့်ကိုမနားနေစေပဲ အထက်လမ်းဆရာဟုခေါ်သော ဆရာတစ်ပါးထံခေါ်ဆောင်သွားသည်မလို့ ရှောင်းကျန့်စိတ်တွေက ဇဝေဇဝါ....။
သူ့ရောဂါက အရေပြားဆရာဝန်တွေနဲ့ပြရမှာကို ဘာလို့အထက်လမ်းဆရာလဲ....။
အထက်လမ်းဆရာနားရောက်သည့်အခါ ရှောင်းမာမားသည် ရှောင်းကျန့် ခန္ဓာကိုယ်ပေါ်က အနီကွက်တွေကိုပြကာ ဆရာ့ထံအကူအညီတောင်းသည်။ အထက်လမ်းဆရာသည် ရှောင်းကျန့်ခန္ဓာကိုယ်က အနီကွက်များကိုကြည့်ကာ ခေါင်းလေးငြိမ့်ပြီး အဝါရောင်ရှိသော ဆေးအချို့ကိုပေးသည်။
" ညအိပ်ရင် ဒီဆေးလိမ်းအိပ်ပါ..။ ပြီးတော့ ဒီလက်ပတ်ကြိုးလေးကို ဘယ်တော့မှမဖြုတ်ပါနဲ့ လက်မှာအမြဲ ချည်ထားပါ..."
ဆရာ့စကားကြောင့် မာမားသည် ဆရာ့လက်ထဲမှကြိုးကိုယူကာ ရှောင်းကျန့်လက်မှာ အသေချည်ပစ်လိုက်သည်။
ဘယ်တော့မှမပြုတ်အောင်လို့တဲ့....။ ရှောင်းကျန့်သည်လဲ မာမားပြုနေသမျှဘားမှပြောမနေပဲ ခေါင်းလေးသာငြိမ့်ပြလိုက်မိသည်။