အပိုင်း၁၁

4.8K 388 12
                                    

အား………မဖြစ်နိုင်ဘူး

ရှောင်ကျန့်တွေ့လိုက်ရတာကမိမိနှင့်တစ်ပုံစံတည်းတူတဲ့သူမိမိအရင်ဘဝကရုပ်အလောင်း
ရှောင်ကျန့်ထိုရုပ်အလောင်းနားတဖြည်းဖြည်းလျှောက်ကာသွားပြီး
ခြောက်နှစ်ကြာတာတောင်မပျက်စီးပဲရေခဲနဲ့လုပ်ထားတဲ့အခေါင်းထဲမှာရှိနေသောမိမိရုပ်အလောင်းကိုကြည့်ကာ

'ဒါ……ဒါဘယ်လိုဖြစ်တာလဲ………ဘာဖြစ်လို့လဲ………အဖြူရောင်လေးမင်းငါ့ကိုအဲ့လောက်ထိမုန်းတာလား………ဒါမှမဟုတ်အောင်ပွဲအနေနဲ့ငါ့အလောင်းကိုဆုတံဆိပ်အဖြစ်သိမ်းထားတာလား…………ဟား……ဟားအဲ့လောက်တောင်မုန်းနေတာလားရိပေါ်ရာ'

ရှောင်ကျန့်မျက်ရည်များစီးကျပြီးယိုင်တိုင်တိုင်လျှောက်ကာထွက်သွားပြီးခဏအကြာတွင်ထိုနေရာသိုရောက်လာသောလူတစ်ယောက်
ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ကာရုပ်အလောင်းကိုကြည့်နေရင်း

'ဝေ့ရင်း………ငါတောင်းပန်ပါတယ်………မင်းကမယ်တော်ပြီးရင်ပထမဆုံးငါ့ကိုဂရုစိုက်တဲ့သူစိမ်းတစ်ယောက်ပါ………မင်းအချစ်တွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့ငါ့ကိုမင်းတသက်လုံးခွင့်မလွှတ်ပါနဲ့………ငါ………ငါမင်းကိုငါ့လက်နဲ့ကိုယ်တိုင်မသတ်ချင်ခဲ့ဘူးဝေ့ရင်း………တကယ်လို့………တကယ်လို့သာမင်းသာငါနဲ့ရန်သူတွေသာမဟုတ်ခဲ့ရင်း………တကယ်လို့သာမင်းသာငါနဲ့မတွေ့ခဲ့ရင်ငါ့ကိုမချစ်မိရင်မင်းအခုလိုဖြစ်မှာမဟုတ်ဘူး………ဝေ့ရင်းငါ့ဘဝမှာအကြီးဆုံးအမှားကငါမင်းကိုဆုံးရှုံးလိုက်ရတာပဲ………မင်းတမလွန်မှာငါ့ကိုမုန်းနေပြီလား……ငါ့ကိုမင်းလှောင်ရယ်နေမှာလား………မင်းကိုသတ်ပြီးမှအခုလိုလုပ်ခဲ့လို့လေ………ငါ့……ငါ့လက်နဲ့ငါကိုယ်တိုင်မင်းကိုသတ်ခဲ့မိတာ…………'

'မင်းသား………ဒါတွေအားလုံးကပြီးသွားခဲ့ပြီလေ………စစ်သေနာပတိချုပ်ကမင်းသားကိုမုန်းမှာမဟုတ်ပါဘူး………ဒါတွေကမင်းသားအပြစ်မှမဟုတ်တာမင်းသားကိုမင်းသားရဲ့မယ်တော်နဲ့သာမခြိမ်းခြောက်ရင်………'

'ယွိရန်………ပြန်ရအောင်နောက်နေ့ကြရင်…ပန်းတွေလဲပေးထား'

စစ်နတ်ဘုရားရဲ့ကြင်ယာတော်(complete)Where stories live. Discover now