ထျန်းဆစ်ရှောက်က ငါ့အဖော်ပဲလား

99 2 0
                                    

Unicode version🍒🍒

ဒီညလည်းဒီသံစဥ်ပဲ ပြန်လည် တီးခတ်နေမိတယ်... အတားဆီးမရှိတဲ့ သတိရခြင်းက အမှောင်ထုကြားကနေ ဖောက်ထွက်လာမလား... တီးခတ်နေတဲ့ wuji က ငါတို့နှစ်ယောက်ကြားက နားလည်မှုပေါ့...

ဝေ့ရင်း... ဝေ့ရင်း...

မင်းကြိုက်တဲ့ ထျန်းဆစ်ရှောက်လေ

ကူးစူးလန်ရဲ့ နာမည်ကြီးအရက်ပေါ့...

သတိရတိုင်း ငါကိုယ်တိုင်တောင်မသိလိုက်ပဲ ဝယ်လိုက်မိတဲ့ ထျန်းဆစ်ရှောက်...

ဘယ်သူ့တွက်လဲတဲ့...

ပျင်းစရာကြီး... ခါတိုင်းလို ငါ့ကို မစတော့ဘူးလား...
ခါတိုင်းလို မင်းကြိုက်တဲ့ ထျန်းဆစ်ရှောက်ကို ခိုးမသောက်တော့ဘူးလား...

မဆီလျော်တဲ့ စာအုပ်တွေ ခိုးပြအူးလေ ဝေ့ရင်းရဲ့...

ငါ ဒေါသထွက်တာကို မင်းပျော်နေတာ မဟုတ်လား...
မင်း ငါ့ကို စနေရရင် ပျော်နေတာ မဟုတ်လား...

ခု ငါ့ကို ဒေါသထွက်အောင်လုပ်လေ...

ငါ့ရှေ့မှာ ချထားတဲ့ ထျန်းဆစ်ရှောက်လည်း အဖော်မဲ့နေပြီ ဝေ့ရင်းရယ်...

ဒီတစ်ခါ မင်းအရက်သောက်ရင် မပျင်း​​အောင် ငါဘေးနားက ဗျပ်စောင်းတီးပြရင်း ရေနွေးကြမ်းသောက်မယ်လေ...

မင်းကြိုက်တဲ့ ထျန်းဆစ်ရှောက်တွေ ငါ အပြည့် သိမ်းထားပြီလေ...

ခု ခိုးမသောက်နဲ့တော့ မင်းတွက် ငါကိုယ်တိုင် ပြင်ပေးမယ်

မင်းကို သတိရတိုင်း တစ်ခါဝယ်
မင်းသောက်ချင်မယ်ထင်တိုင်း တစ်ခါဝယ်...
ကူးစူးက နာမည်ကျော် ထျန်းဆစ်ရှောက်ကို မင်း မသောက်ချင်တော့ဘူးလား...

ပြန်လာပါတော့ ဝေ့ရင်းရယ်

ကူးစူးမှာ မင်းပျော်အောင် ငါထားမှာပေါ့...

လန်ဂိုဏ်းရဲ့ စည်းမျဥ်းသုံးထောင်ကျော်ကို ငါမင်းတွက် မျက်စိမှိတ်ပေးမယ် ...

မင်း ဒီတခါတော့ လုံခြုံအောင် အန္တရယ်ကင်းအောင် ကူးစူးမှာ ငါမင်းကို ဖွက်ထားမယ်...

ငါသာ နောက်မကျခဲ့ရင်...

ဝေ့ရင်းရေ...

ငါသာ နောက်မကျခဲ့ရင်...

16 years memory of missing youWhere stories live. Discover now