Unicode version🍒🍒
ကျွန်တော် လူတစ်ယောက်ကို ယွင်ရှန်းပုကျိချု့ကို ခေါ်ချင်တယ်... ခေါ်ထားပြီး ဖွက်ထားချင်တယ်...
ဝေ့ရင်းရေ...
ဒီညလည်း ငါ wuji ကို တီးခတ်နေပြန်ပြီ...အကိုတော်ကို ငါပြောခဲ့တဲ့စကားကို အမှတ်ရနေသေးတယ်...
ကျွန်တော် လူတစ်ယောက်ကို ယွင်ရှန်းပုကျိချု့ကို ခေါ်ချင်တယ်... ခေါ်ထားပြီး ဖွက်ထားချင်တယ်...
မင်းထွက်သွားတာ လက်ပိုက်ကြည့်နေရတဲ့ အဲ့ဒီ မိုးသည်းည...
ငါ့တစ်ကိုယ်လုံးကို မိုးရေစက်တွေ ကျဆင်းနေပေမယ့် ရင်ထဲ ပူလောင်နေတယ်...
မင်းကလေ အရာရာသေချာနေတဲ့ အဆုံးသတ်အပြုံးတစ်ခုပေးပြီး ကျောခိုင်းသွားခဲ့တာ...
မင်းကစုန်ဆိုင်းသွားတဲ့ မြင်းစီးသံတွေက ငါ့အတွက်တော့ အဲ့ဒီညမှာ အငြှိုးနဲ့ ကြဲချတဲ့ မိုးကြိုးတွေလိုပဲ...
ငါမတားလိုက်နိုင်လို့လို့ တလောကလုံးက အပြစ်ပြောကြတယ်.. ပြောကြပါစေ...
နာကြည်းမုန်းတီးမှု... ကျေးဇူးတရား နဲ့ တာဝန်ယူမှုတွေကို ငါ့မင်းမျက်ဝန်းထဲ မြင်လိုက်ရတဲ့အချိန် ငါမင်းကို တားရက်ပါတော့မလား...ငါက မင်းအကြောင်းမသိပဲ နေမလား ဝေ့ရင်းရယ်
မင်းရပ်တည်တဲ့ ဝမ်းမျိုးဆက်တွက် ဘယ်လို အခက်အခဲမဆို မင်းရှေ့က ရင်ဆိုင်တော့မှာ...
တစ်လောကလုံးနဲ့ တစ်ယောက်ဆိုလည်း ရှေ့ဆက်တိုးတော့မှာကိုလေ...တောင်းပန်ပါတယ်...
မင်းကို မတားခဲ့နိုင်တာထက် မင်းနဲ့အတူ မရှိနေခဲ့တာ...
တစ်ဘဝစာ ကျင့်ကြံမှုတွေနဲ့ စောင့်ထိန်းခဲ့တဲ့ စည်းမျဥ်းတွေကြားက တဒင်္ဂလေးတောင် ငါမကျော်ဖြတ်နိုင်ခဲ့ဘူး...တကယ်လို့သာ အရာအားလုံး မစတင်လိုက်ခင် မင်းကို ယွင်ရှန်းပုကျိချု့ကိုသာ ခေါ်ထားနိုင်ခဲ့ရင်...
တကယ်လို့သာ လွန့်ဆန်ကန်(သချိုင်း မြေ) ကို မင်းမရောက်ခင် ငါသာ အချိန်မီ ကယ်တင်နိုင်ခဲ့ရင်...
နောက်ကျသွားတဲ့ အရာခပ်သိမ်းဟာ နောင်တတွေလို့ပဲ ခေါ်တယ် ဝေ့ရင်း... ငါပြောင်းလဲချင်တိုင်း မပြောင်းလဲနိုင်ခဲ့တဲ့အရာတွေက ကျင်းလင်းထိုင်ရဲ့ ချောက်ကမ်းပါးမှာပဲ အဆုံးသတ်သွားတယ်...
YOU ARE READING
16 years memory of missing you