ပြိုင်စံရှား ရိပေါ်(ပြိုင်စံရှားရိပေါ်)
21.1K 2K 103
Za:
ရှောင်းဖေဖေမှာတော့
ရှေ့က အားကစား ဖိနပ်
တစ်ရံကိုကြည့်ပြီး ရှုံ့မဲ့နေရှာပြီ
အလိုက်သိလိုက်တဲ့ သခင်လေး
အားကစားဆိုရင် ဘောလုံးပွဲတောင်
မကြည့်တဲ့ ရှောင်းဖေဖေကို
အားကစား ဖိနပ်တစ်ရံ
လက်ဆောင်ပေးတယ်။
သူအရမ်းပျော်သွားတာပဲ
မျက်ရည်မထွက်ရုံ တမယ်ပဲ
ပျော်လွန်းလို့။
ရှေ့ကရှောင်းမားမားကတော့
အကျေနပ်ကြီး ကျေနပ်နေတယ်။
သူမနက်ခင်း လမ်းလျှောက်ထွက်
ရင်တောင် ခေါ်လို့ မရတဲ့ လူအခုတော့
မှတ်ရောပဲ ...အဲ....
သူချည်းမှတ်တာတော့
မဟုတ်ဘူး ဒီ သခင်လေးက
ဘာကြောင့် သူ့ကို ကြက်သွန်နီ
တွေ ပေးရတာလဲ?
မားမားအတွေးတွေ များသွား
ရတယ်။
သူေဋ္ဌးလေးဆိုတာ သူ ဇာတ္ကား
တွေထဲမှာ မြင်ဖူးပါတယ်။
အကောင်းစား မုန့်ဘူးတွေ
ပန်းခြင်းတွေ ပေးကြတာလေ
အခုတော့ သခင်လေးက
ကြက်သွန်နီနဲ့ အားကစား
ဖိနပ်တဲ့လား...
ပြိုင်စံရှား ရီပေါ်လေးကတော့
လက်ဆောင်ပေးတဲ့ နေရာမှာ
ဆရာတစ်ဆူပါပဲ 😑
မင်းတို့ သိလား ငါလေး
ရှောင်းကျန့် ဘဝက တကယ့်ကို
မလွယ်ကူဘူးရယ်။
ပါးပါးနဲ့ မားမားတို့က ဝမ်ရိပေါ်လေးကို
အလိုလိုက်ကာ ကိုယ့်အိမ်လို
သဘောထားပါဆို ကတည်းက
ဝမ်ရိပေါ်လေးက မနက် ၆နာရီဆို
အိမ်ရောက်နေပြီ။
မားမား လမ်းလျှောက် ထွက်တဲ့
အချိန်ဆို သူက Skateboard
တစ်ခုနဲ့ ဘေးကနေ တွတ်တီးတွတ်တာနဲ့
လိုက်တယ်။ မားမားကလည်း
သား သားလေး ရိပေါ်ဆိုတာ
ပါးစပ်က မချဘူး။
သားအမိချင်း လွဲနေတယ်။
အဲ့ အချိန်ဆို ရှောင်ကျန့် လေးက
အိမ်မက်မက်လို့ကောင်းတုန်း
၇နာရီ ဒေါင်ဆိုတာနဲ့
ရိပေါ်ဟာ ရှောင်ကျန့် အခန်းထဲ
ရောက်နေပြီ
အော့.... တခြားမတွေးနဲ့နော်
အမှောင်ရာဇာတွေ
ငါ့ကို လာနိုးတာပါ ကျောင်း
သွားဖို့ ပြင်ဆင်ရအောင်လေ
၇:၃၀ ဆိုရင်မိသားစု
ထမင်းဝိုင်းက စပြီ။
ရှောင်းကျန့်တို့ မိသားစုကတော့
အလိုလိုနေရင်း တစ်ယောက်တိုး
သွားတယ် ထမင်းကို တစ်နပ်စာ
ရိပေါ်ကို အလကားကျွေးနေရတယ်
အဲ့တော့ ရှောင်ကျန့်လေး စဉ်းစားတယ်
အရှုံးခံလို့ မဖြစ်ဘူး။
ရိပေါ်တို့ သူ့တို့ထက် အများကြီး
ပိုက်ဆံပိုရှိတယ်လေ။