အားကစားပွဲပြီးတာနဲ့JungkookရောTaehyung
ရောဆိုလ်းသို့တန်းပြန်လာခဲ့သည်…ရွာကမိဘတွေရော
ရွာသူရွာသားတွေရဲ့အချစ်တော်ငမွှေထိုးစိန်မျောက်
မျောက်Taehyungieမှာတော့တရူံရူံငိုလို့…Appaကတော့…
''ငါတို့ဒေစီလေး…အိမ်မပြန်ချင်ရင်ဒီမှာနေလေ…
ဦးလေးတို့ကတင်ကျွေးထားမှာပေါ့…Jungkookieလေးကတော့ကျောင်းတစ်ဖက်နဲ့ဆိုတော့…ပြန်တော့…အဲ့
ဒေစီဆိုတဲ့ကောင်လေးကိုထားခဲ့…''ကလေးလည်းမဟုတ်…အဖေ့စကားကြားသည်နှင့်ဟီးကနဲ
အော်ငိုကာသူရင်ထဲပြေးဝင်တဲ့ပေါက်စ…မျက်ရည်တွေ
တစ်လုံးတစ်လုံးဘူးသီးလုံးလောက်နဲ့…မင်းသားရူံးရ
တဲ့အမောင်Taehyung''မနေဘူး…တောမှာ…Kook Kookနဲ့ပဲနေမှာ…
Kook Kookနဲ့ပြန်မှာ…''ရင်ဘတ်ကအကျီင်္ ကော်လံလေးအားလက်သေးသေးလေး
တွေနဲ့ဖမ်းဆုပ်ကာ…တအင့်အင့်ရိုက်သံပိစိလေးတွေတောင်ထွက်လို့…ဒါတောင်မှ''Kookie…Kookie…Kook kook…Kook
Kook…''ကုကုကီးကီ…ကွတ်ကီးကုကုဆိုပြီးပါးဖောင်းဖောင်းလေး
တွေမို့အစ်ကာမွေးစာရင်းကနာမည်ကိုသူခေါ်ချင်သလို
ခေါ်နေသောပေါက်စ…နောက်ဆုံးကားပေါ်ရောက်မှ…ငိုရတာမောသွားလို့ထင်သည် Jungkook ပခုံးပေါ်ခေါင်းလေးတင်ရင်း…ပါးစပ်လေး
ဟကာအိပ်နေသည်…Jungkookမှာတော့အိပ်ဖို့ထက်ထိုအလှလေးအိပ်နေတာကိုခိုးခိုးကြည့်ရင်းဆွေမေ့မျိုးမေ့
ဖြစ်နေတာ…ငြိမ်းချမ်းစွာအိပ်နေသောထိုလူသားရဲ့အိမ်မက်ထဲတွင်ရောသူပါခွင့်ရှိပါ့မလား…အပြင်လောကတွင်သာမက…ထိုလူသားငယ်ရဲ့စိတ်ကူးယာဉ်ကမ္ဘာအိမ်မက်ထဲအထိ
အတ္တဆန်ဆန်ထိုလူသားအားပိုင်ဆိုင်ခြင်မိသည်အဲ့ဒါကျွန်တော်မမှားဘူး…Tae
Taeကသာကျွန်တော်လောဘအတ္တတွေကြီးအောင်တန်ဖိုး
ရှိလွန်းတာ…
အဝေးပြေးကားဂိတ်ရောက်တော့လည်း
ခရီးပန်းလို့ထင်Taeမျက်နှာလေးမှာသိပ်မလန်း…သူ့
အထုပ်တွေရောTaeအထုပ်တွေပါဆွဲကာ…Taxiတစ်စီး
မြန်မြန်ငှားရင်…အိမ်သို့ပြန်လာခဲ့သည်အိမ်ရောက်တော့မှ…Taehyungတစ်ယောက်နေလို့
ကောင်းသွားတဲ့ပုံထူထူထောင်ထောင်ဖြစ်လာသည်…
ဆန့်ကျင်ဘက်အနေနဲ့Jungkookကတော့ခရီးပန်းကာ
ခဏတာအိပ်ပျော်သွားသည်

YOU ARE READING
DADDY OR BABY(Complete)
RomanceDaddy tae VS Baby tae Kim taehyung + Jeon jungkook taekook yaio