Congratulation My Baby Boo <3
KyungMyeon One Shot
Kyungsoo တစ်ယောက် 141115 မှာကျင်းပခဲ့သော Daejeong Drama Festival APAN Star Award တွင် The Best New Comer award ဆုကို ရှိခဲ့သည်
ဆုရရှိပြီးပြီးချင်းမှာပဲ Sehun ဆီက msg ဝင်လာခဲ့သည်
Dorm တွင် Party ကျင်းပဖို့
2014 မှာ ကိစ္စတွေအများကြီးကြုံခဲ့ပြီးတော့ Member တွေက ကိုယ့်ဟာကို ပျော်ရွှင်စွာ နေတတ်အောင် ကြိုးစားနေကြသည်
ဒါပေမဲ့ Jo In Sung Subaenim က ဒီညတစ်ဖွဲ့လုံးကို လိုက်ကျွေးမည်ဆိုတော့ ကျွန်တော်မလိုက်လို့မကောင်းတော့ ဒါနဲ့ Chen Hyung ကိုနဲ့ပဲမှာလိုက်သည်
"Hyung ရေ ကျွန်တော်နောက်ကျဖို့များလိမ့်မယ် In sung Hyung က ခေါ်နေလို့ အဲဒါ Dorm ကသူတွေကိုပြောလိုက်ပါနော် နောက်နေ့မှပေါ့လို့ "
"okie kyungsoo ဒါဆို ငါပြန်နှင့်မယ်နော် "
"Nae Hyung "
Chen Hyung ကိုပါ အကုန်လုံးက လိုက်ဖို့ခေါ်ပေမဲ့ Chen Hyung ကသူအရမ်းပင်ပန်းနေလို့ဆိုပြီး အကုန်လုံးကိုတောင်းပန်သည်
***************
KyungSoo Dorm ကိုပြန်ရောက်တော့ မနက် 2:30
တစ်အိမ်လုံးလည်း မှောင်မည်းလျှက် အကုန်လုံးအိပ်မောကျနေကြသည် နဂို ညဘက်သောင်းကျန်းနေကျ Chanyeol နဲ့ Baekhyun တောင်မသောင်းကျန်းနိုင်
အင်းလေ ကျွန်တော်တို့တွေက လူပင်ပန်းရုံသာမက စိတ်တွေပါရှုပ်ထွေးနေကြတာကို
KyungSoo တံခါးလေးကိုဖြည်းဖြည်းလေးပြန်ပိတ်လိုက်ရင်း မှောင်နေသောအခန်းလေးကို မီးဖွင့်ဖို့လက်အလှမ်းမှာ Sofa ပေါ်မှာထိုင်နေသောလူရိပ်ကြောင့် သေချာ ကြည့်လိုက်သည်
"Suho Hyung ????"
"ဟင် KyungSoo မင်းပြန်လာပြီလား"
"nae hyung ဘာလုပ်နေတာလဲ ??? မီးအမှောင်ထဲမှာ "
KyungSoo ပြောပြောဆိုဆို မီးဖွင့်ဖို့လက်လှမ်းလိုက်စဉ် Suho က Kyungsoo လက်ကို လှမ်းဆွဲလိုက်သည့် အရှိန်ကြောင့် နှစ်ယောက်သား Sofa ပေါ် လုံးထွေးပစ်ကျသွားသည်