Part 15

2.9K 329 11
                                    

Unicode

"ခင်ဗျားပြောချင်တာက??? နေပါဦး! ရိပေါ်က မော့ရွှမ်းယွမ်စိတ်ဖြစ်နေတဲ့အချိန်တုန်းက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တရားမဝင်ရောင်းစားတဲ့အဖွဲ့နဲ့ ဆက်သွယ်မိခဲ့တယ်ဟုတ်လား???"

ဟိုင်ခွမ်းက သူ့ဘယ်ဘက်မျက်လုံးတစ်ဖက်ကို ရေနွေးငွေ့ဖြင့်အုပ်ရင်း အမှတ်မရှိကျိုးချန်လက်ကိုဆွဲကုတ်လိုက်ပြန်သည်။ ဒီတစ်ခါတော့ ကျိုးချန်ကို အသံတိုးစေချင်သည့်သဘောကြောင့်သာ...

"အင်း~"

တော်သေးသည်။ ဘေးနားမှာ လူမရှိလို့!

"ဒါဆို ဒါကမော့ရွှမ်းယွမ်စိတ်နဲ့ဖြစ်ဖြစ် ရိပေါ်စိတ်နဲ့ဖြစ်ဖြစ် ပြောရမယ်ဆိုရင် ပြစ်မှုကျူးလွန်တာပဲလေ! ပြစ်မှုကျူးလွန်ပြီဆိုကတည်းက သူ့စိတ်က ဘယ်လိုဖြစ်နေနေ ဒီအတွက်အပြစ်ခံရမဲ့သူက ရိပေါ်တစ်ယောက်တည်းပဲလေ !"

"ဟင့်အင်း! ရိပေါ်က လူတွေကို ထိခိုက်နာကျင်အောင်မလုပ်ခဲ့ဖူးဘူး"

"ဘာကိုဆိုလိုတာလဲ?"

"ရိပေါ်က အရင်ကတည်းက သူတော်ကျင့်စဉ်တွေကိုကျင့်ကြံခဲ့သူပါ။ ဝေ့သခင်လေးကြောင့်လို့တော့ မပြောချင်ပေမဲ့ အတိတ်ဘဝမှာဝေ့သခင်လေးဆုံးပြီး လူ့ပြည်ပြန်ဆင်းရတော့ ရိပေါ်ကပါ သူ့ကိုယ်သူစတေးခံပြီး လူ့ပြည်ဆင်းခဲ့တာ!"

"..."

"ဒါကြောင့် ရိပေါ်ရဲ့ပင်ကိုယ်စိတ်နဲ့ဆိုရင် လူတစ်ယောက်ကို အပြစ်မရှိဘဲ ဒုက္ခရောက်အောင် နာကျင်အောင်လုပ်မှာမဟုတ်ဘူး!"

"..."

"ဒါပေမဲ့ သူ့ရဲ့မသိစိတ်နဲ့တော့ ကွာခြားတယ်! သူ့အတွေးတွေထဲမှာ ကွင်းဆက်လူသတ်သမား မော့ရွှမ်းယွမ်ရဲ့ လှုပ်ရှားမှုတွေ အတွေးတွေပဲရှိနေခဲ့တာကြောင့် သူမလုပ်ဘဲနဲ့ သူလုပ်လိုက်တယ်လို့ ထင်လိုက်တာမျိုး~ ပုံရိပ်ယောင်တွေပေါ့! တကယ်တော့ ဒါက ရိပေါ်ပြန်ပေးဆွဲခံရတုန်းက မော့ရွှမ်းယွမ်ရဲ့ လှုပ်ရှားမှုကိုသူကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရတာမို့ စိတ်ထဲစွဲသွားပြီး သူပါအဲ့ဒီအတိုင်းလုပ်လိုက်တယ်လို့ ထင်သွားတာမျိုးပါ"

Unbreakable Love  ( Yizhan ❤️ ) After Edit🌚Wo Geschichten leben. Entdecke jetzt