Let me love you
ချစ်နေခွင့်လေးတော့ ပေးသနားပါ
Part -1ည 12နာရီခွဲခန့်.....
ဂျုံးဂု တစ်ယောက် gymခန်းက အပြန်ကားကရပ်သွားတာမို့ ကားနောက်ဖုံးကိုဖွင့်ကာ စစ်ဆေးပြီး အဆင်ပြေသွားသဖြင့် နောက်ဖုံးကို ပြန်ပိတ်မည်အပြု
လမ်းခွဲတစ်နေရာမှ သူမမြင်ခဲ့ဖူးသော အရပ်ရှည်ရှည်နှင့် လူက ဂျုံးဂုကို ပြေးဖက်ကာ "တောင်းပန်ပါတယ် ဖွက်ထားပေးပါ"
ထိုစကားကိုသာ ပြောပြီးလဲကျသွားလေသည်။"ဒီကောင်လေးတော့ ဟာ ဟေ့ ဟေ့"
ထိုစဉ် ထိုကောင်လေးထွက်လာသော လမ်းဘက်မှ မီးရောင်များမြင်လိုက်ရာ သူ စဉ်းစားမနေဘဲ ထိုလောရှည်ကို ပွေ့ပြီးနောက်ဖုံးထဲထည့်ထားလိုက်ပြီး ပြန်ပိတ်လိုက်သည်။ကားရှေ့ခန်းတံခါးကိုဖွင့်ကာ စက်နှိုးနေစဉ် သူ့ကားနားရောက်လာသည့် လူမိုက်ပုံပေါက်နေသူလေးယောက်
"ဒီမှာ ဒီမှာ"
သူ့ကို လှမ်းခေါ်လိုက်တာမို့
"ဘာကိစ္စလဲ""ဒီကို လူတစ်ယောက်များ ပြေးလာတာတွေ့သေးလား"
သူတို့ထဲကတစ်ယောက်က မိုက်ကန်ကန်ကြည့်ရင်း မေးလိုက်သည်။ ခုန ကောင်လေးကိုပြောတာမှန်း သူ တန်းသိလိုက်ပါသည်။ သို့သော် သူမဖြေချင်။ ခုနကောင်လေးကို ပထမဆုံးမြင်ဖူးတာပေမယ့် သူ့မျက်ဝန်းထဲတွင် ကြောက်ရွံမှု၊ ရိုးသားမှုတွေကို မြင်နေရသည်လေ.....
"မတွေ့ဘူး"
သူသံပြတ်ဖြင့်ပြန်ဖြေလိုက်ရင်း ကားလေးကိုမောင်းထွက်လာလိုက်သည်။ခြံရှေ့သို့ သူ့ကားလေးရောက်သွားတော့ ခြံစောင့်ဒုံဝမ်က ခြံတံခါးလာဖွင့်ပေးလေသည်။ ဂိုဒေါင်ထဲထိ ကားလေးကိုမောင်းဝင်လိုက်ပြီး တစ်ခါမှမသိဖူးသော အနှီကျေးဇူးရှင်လူသားကို ကားနောက်ဖုံးကိုဖွင့်ကာ ချီပွေ့ပြီး အိမ်ထဲဝင်လာတော့

YOU ARE READING
Let me love you(ချစ်နေခွင့်လေးတော့ ပေးသနားပါ )
Fanfictionuniversity က ကထိကkim jong kookနဲ့ Lee လုပ်ငန်းစုရဲ့သားလေး lee Kwang sooတို့ရဲ့ တွေ့ဆုံမှုလေး