Let me love you
(ချစ်နေခွင့်လေးတော့ ပေးသနားပါ)
Part -2*အာ ဘာစကားကြီးလဲဟာ မင်းက ငါ့ရဲ့ သစ်ကုလားအုတ်လေးပဲတဲ့ ဒါနဲ့ အဲ့အစ်ကိုနံမည်က ဘာလဲမသိဘူး ရုပ်က တည်ကြည်ပြီး လုံးဝ handsome typeကြီး ကိုယ်လုံးကလည်း muscles အပြည့်နဲ့ ကြွေချင်စရာ ငါဆို gymဆော့လည်း muscle တက်မလာဘူး အမ် ငါ ဘာတွေတွေးနေတာလဲ*
ဂွမ်ဆူ ခေါင်းတွေတအား ခါယမ်းပစ်လိုက်ကာ အတွေးတို့ကို ထုတ်ပစ်လိုက်ရသည်။
"ဟာ မင်း သတိရလာပြီလားကောင်လေး ဘာတွေခေါင်းယမ်းနေတာတုန်း"
သူမမြင်ဖူးသေးသော သူတစ်ယောက်ထပ်ဝင်လာသည်။ ဒီအိမ်ကပဲ ထင်ပါရဲ့လေ"ဟုတ်ကဲ့"
]ဪ မေ့လို့ hyungက ဂင်ဂျယ်ဆော့တဲ့ ဒီအိမ်ကပဲ ဆရာဝန်လည်းဟုတ်တယ် ဂုဂျုံးရဲ့အစ်ကိုပေါ့"
နားတွေကလည်းခက်ပါသည်။ ထိုအစ်ကိုမိတ်ဆက်သမျှထဲမှာ ဂုဂျုံးအစ်ကိုဆိုတာကို စွဲစွဲထင်ထင်ရှိနေမိသည်။ နှုတ်ကလည်းတားမရစွာပင်
"ဂုဂျုံး?"
"အင်း ညက ညီ့်ကို ကူညီခဲ့တဲ့တစ်ယောက်လေ နံမည်က ဂင်ဂျုံးဂုပါ အစ်ကိုက ဂုဂျုံးလို့ပဲခေါ်တာ"
"ဪ ဟုတ်ကဲ့"
"ဒဏ်ရာက ဘယ်လိုနေလဲ"
"ဗျာ ! "
သူပြောမှပင် ဝမ်းဗိုက်ဆီက တစ်ဆစ်ဆစ်နာကာ အောင့်တက်လာသလိုလို"ဗိုက်ကဓားဒဏ်ရာလေ အရမ်းနက်သွားတယ်"
"နည်းနည်းတော့နာတယ်"
"ဒါဆို ဆေးထည့်ဖို့ပေးခဲ့မယ်နော် ဪ ဂုဂျုံး လာ ဒီမှာ ငါ အနာကျက်ဆေး ပေးခဲ့မယ် မင်း လိမ်းပေးလိုက်ကွာ သောက်ဆေးရောပေးခဲ့မယ် သေချာသောက်နော် ငါ ဂျူတီရှိလို့"
စကားပြောနေတုန်း ရောက်လာသော ဂျုံးဂုနှင့် သူ့ကိုပါမှာကာ ဂျယ်ဆော့က ဆေးတွေနှင့် အလုပ်ရှုပ်နေသည်။"ဟုတ်ကဲ့ "
ဂျုံးဂုက သူ့နားတွင်ဝင်ထိုင်ရင်း
"မင်းဖို့နွားနို့ပါလာတယ် ပေါင်မုန့်ထောပတ်သုတ်နဲ့ ကိုယ့်ဘာသာစားလို့တော့ရတယ်မလား"
YOU ARE READING
Let me love you(ချစ်နေခွင့်လေးတော့ ပေးသနားပါ )
Fanfictionuniversity က ကထိကkim jong kookနဲ့ Lee လုပ်ငန်းစုရဲ့သားလေး lee Kwang sooတို့ရဲ့ တွေ့ဆုံမှုလေး