ကျနော် hyung ကိုချစ်တယ် ပြီးတော့ .....
ဟိုအရင်ကလိုပဲ hyung ကျနော့်ကိုပိုင်တယ် ။ ။## His Own Me ! ##
အထက်တန်း ပထမနှစ် အခန်း ( A )
မနက် ၉ နာရီ , အတန်းချိန်ပင်မစသေး
နောက်ဆုံးခုံပေါ် မှောက်အိပ်နေသော doh Kyungsoo" kyungsoo ကို နှိုးလိုက်တော့ ဆရာလာတော့မယ် "
" ဟာ သူအိပ်ရင် ကုလားသေကုလားမော လေ
ငါ မနှိုးချင်ဘူး jong in "" ဟာ မင်းဘေးခုံမှာ သူထိုင်တာလေ ငါနဲ့ဝေးတယ်
လုပ်ပါ sehun ရာ .. သူ့ကိုနှိုးလိုက်စမ်းပါ မဟုတ်ရင်
အဲ့ဆရာအပေါက်က ဆိုးရဆိုးနဲ့ "" ငါမနှိုးချင်ပါဘူး "
" လုပ်ပါ sehun ရာ.. မင်းနားငြီးခံချင်လို့လား "
Sehun နဲ့ jong in တွတ်ထိုးနေရင်းက နောက်ဆုံးတော့ sehun ပဲ kyungsoo ကို နှိုးရတော့မည် ..
" kyungsoo ထတော့ ဟိုအပေါက်ဆိုးတဲ့ဆရာ လာတော့မယ် ထတော့ "
ပုခုံးကို ကိုင်လှုပ်နှိုးလိုက်တော့ ခေါင်းကြွလာတယ်
" အင်း ... "
အကြောတချက်ဆန့်ပြီး kyungsoo က နဂိုအတိုင်း ခုံပေါ်ပြန်မှောက်အိပ်သွားတာမို့
Sehun တယောက် မျက်ခုံးတွေ တွန့်ကွေးသွားရသည်
" kyungsoo .. ထတော့ kyungsoo ထတော့ဆိုကွာ "
Sehun ခမျာ ဆရာအခန်းဝရောက်နေပြီမို့ အသံသိပ်မထွက်ရဲဘဲ နှိုးနေပါသော်လည်း kyungsoo က ဂရုမစိုက်ပေ
ကြားထဲကနေ စိတ်မရှည်ဖြစ်လာသော kim jong in လက်တစ်ဖက်သည် oh sehun ကိုကျော်ပြီး kyungsoo ကျောပြင်ကို အပီအပြင်တချက်ကျွေးကာ စကားတစ်ခွန်းပြောလိုက်တော့ လုံးဝနှိုးမရပါသော doh kyungsoo တယောက် ခေါင်းထောင်လာခဲ့တော့တယ်
jong in ပြောလိုက်တာက ..
" ya ! kyungsoo .. စီနီယာ ဆရာနဲ့အတူ ပါလာတယ် "
## His Own Me ! ##
တီ !
စာရွက်စာတမ်းတွေ ပြန်စစ်ပြီး လက်မှတ်ထိုးနေတုန်း
မြည်လာသော office phone သံကြောင့် ရပ်လိုက်ပြီး
YOU ARE READING
His Own Me !
Fanfictionကျနော် hyung ကိုချစ်တယ် ပြီးတော့ ..... အရင်ကလိုပဲ hyung ကျနော့်ကိုပိုင်တယ် ## ကျနော် hyung ကိုချစ်တယ် ပြီးတော့ ..... အရင်ကလိုပဲ hyung ကျနော့်ကိုပိုင်တယ် ## Cover By SpringDream112