အခန်း (၅) လူးဝစ်ဗန်ဟေး

22.5K 1.7K 127
                                    

အောက်ပါအကြောင်းအရာများသည် ၁၈ + အရေးအသားများဖြစ်ပါသဖြင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ရှုပါရန်.....
T/N: [မပြည့်လဲဖတ်ကြမှာမလား]

ရှရီ (Sheri ) က Henry ကိုကြည့်လိုက်တယ်၊ ဒီအမျိုးသားကအတော်ဆွဲဆောင်မှုရှိတယ်။ မျက်ခုံးမွှေးထူထူတွေ နုတ်ခမ်းပါးတွေက သေသပ်ပိရိစွာ၊ သန့်ပြန့်ခန့်ညားနေတယ်။ သူ့ကိုကြည့်ရင်းသူမရဲ့စိတ်အတွင်းက အမှောင်သားရဲဟာနိုးထလာသလိုတောင် Sheri ခံစားနေရတယ်။ Sheri က သူမ လက်ကိုင်အိတ်လေးထဲမှ နုတ်ခမ်းနီတောင့်လေးကို ထုတ်လိုက်ပြီး သူမနုတ်ခမ်းပေါ်ဆွဲမက်ဖွယ်ကောင်းအောင် ဆိုးလိုက်တယ်။ သူမ မသိတာက သူမလုပ်သမျှတိုင်းကို သေချာကြည့်နေတဲ့ Henry အမူအယာအေးခဲသွားတာကိုဖြစ်သည်။

Henry ! သူ့အရှေ့က အမျိုးသမီးလေးရဲ့ နုတ်ခမ်းဖူးစိုစိုတွေကြည့်ပြီး ရှော့ရသွားတယ်။ ဒါက သူ့ကို အသက်ရှုရပ်မလိုဖြစ်စေတာမို့ သူနက်စ်တိုင်ကို လျော့ရဲအောင်ဆွဲချပြီး ဖြေလျော့လိုက်တယ်။ Sheri ကတော့ သူမ မီးကိုကစားလိုက်မိတယ်ဆိုတာ သိတောင်သိပုံမပေါ်ဘူး။

Henry စိတ်တွေကတော့ အဆုံးထိမှောင်မိုက်နေခဲ့ပြီး ဒီအမျိုးသမီးလေးကိုဘယ်လို စွဲဆောင်ရမလဲတွေးနေတယ်၊ ပြီးတော့ ဒီမိန်းမဆိုးလေးကို သူဘယ်လိုအပြစ်ပေးရမလဲဆိုပြီး သူဟာကြံစည်နေတယ်။

ကားကအိမ်ကြီးဆီကိုပြန်ရောက်လာသည်။ ရှရီနဲ့ဟင်နရီကဆင်းသွားပြီးနား‌နေခန်းဆီကို လျှောက်သွားကြတယ်။ သူမအိပ်ခန်း၏ရှေ့တံခါးဝတွင်သူမနောက်သို့လှည့်ကြည့်လိုက်သည်။ ထို့နောက်ဟင်နရီသည်သူမနောက်သို့လိုက်ကာတံခါးကိုလော့ချလိုက်တယ်။ တံခါးကိုပိတ်ပြီးနောက် Sheri ကသူ့ကိုနံရံကိုတွန်းကပ်လိုက်ပြီးသူ့နှုတ်ခမ်း တွေကို ဖိနမ်းလိုက် တယ်။ တကယ်တော့ Sheri က နမ်းတာနဲ့ပတ်သက်လို့ အတွေ့အကြုံမရှိပေ၊ ဒါကြောင့် သူမအနမ်းတွေက ခွေးပေါက်လေးကနမ်းနေသလို မထိတထိကိုက်နေသလိုဖြစ်နေတယ်။

Henry ရုတ်တရက်ဆန်တဲ့သူမအနမ်းတွေကြောင့် ကြောင်အမ်းအမ်းဖြစ်သွားပေမဲ့ ချက်ချင်း ပြန်တုံ့ပြန်နိုင်ခဲ့တယ်။ ပြီးတော့ သူမလေးရဲ့အနမ်းတွေကိုသူကကြိုဆိုလိုက်တယ်။ Sheri မှာ ဟင်နရီတကယ်ပြန်နမ်းလာတဲ့အနမ်းတွေကြောင့် သူမတွေးခေါ်နိုင်တဲ့အသိတရားတွေ ပျောက်သွားသလိုတောင်ခံစားနေရတယ်၊ အရိုင်းဆန်တဲ့ ရမက်တွေအပြည့်နဲ့ အားမာန်တွေက သူမကိုအသက်ရှုကျပ်လောက်အောင်မူးမေ့စေတယ်၊ သူကသူမ အောက်နုတ်ခမ်းလေးကိုကိုက်လိုက်ပြီး သူ့လျှာဟာသူမ နုတ်ခမ်းအတွင်းကို ပိုင်စိုးပိုင်နင်းတိုးဝင်လာတယ်၊ ဒါကစစ်ပွဲပဲ........အရမ်းပြင်းထန်တဲ့စစ်ပွဲ......။

1 . ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.1] (လူးဝစ်ဗန်ဟေး)Where stories live. Discover now