5-နဂါးမင်းနဲ့ တူတူပုန်း

2.9K 322 4
                                    

Unicode

"ကျားလေးရေ ကျားလေး"

သူ့သားကို ရှာမတွေ့တော့ သခင်မဗျာများနေရှာတယ်

ပင်လယ်ကမ်းစပ်ဘက်သွားတာများလား အောင်ပင့်လေးဆီ အလည်သွားတာတော့မဟုတ်လောက်ပါဘူး

နဂါးမင်းကြီးနဲ့ပြသနာတက်ထားတာ အိမ်လည်တော့ မသွားလောက်ဘူးမလား မြို့ထဲထွက်ကစားတာပဲဖြစ်မှာပါ

"နီ ..နီ ကျား"

"လာပါ မင်းကလည်း ကိုယ့်အိမ်ကိုယ် ပြန်လာတာ ကြောက်မနေစမ်းပါနဲ့"

မကြောက်လို့ရ မလား ဟိုတစ်နေ့ကအဖေနဲ့ပြသနာတက်တယ် အခု အိမ်ကို ထပ်ပါလာပြန်ပြီ ဘာတွေဖြစ်အူးမှာလဲ

နှစ်ယောက်သမား နဂါးမင်းမမြင်အောင် ခိုးကြောင်ခိုးဝှက်နန်းတော်ထဲ၀င်လာစဉ်

နဂါးမင်း၏မျက်လုံးထောင့်တွင် အပြာရောင်အရိပ်ကလေးမြင်လိုက်ရ၍

"သား အောင် ပင့် ဒိိီကို ခဏ လာပါအူး"

ဒါကို နီကျားကလည်း ကြားသည် ဒါပေမယ့် နဂါးမင်းနဲ့မျက်နှာချင်းဆိုင်လို့မရသေးဘူး

သွားလေး မြန်မြန်ဟူသော အမူအရာ ပြလိုက်ပြီး ထောင့်တစ်နေရာသို့နီကျား၀င်ပုန်းလိုက်သည်

အောင်ပင့်ထွက်သွားပြီး ခဏနေတော့ ပြန်လာသည်

"ဘာတဲ့လဲ"

"ကုန်းပေါ်ခိုးတက်လို့ ဆူတာ"

"ဘာပြောသေးလဲ"

"နောက်ထပ်မသွားရဘူးတဲ့"

ဘာမှ မဖြစ်ပါဘူး အောင်ပင့် ကုန်းပေါ်မလာရင် သူပင်လယ်ထဲလိုက်ရုံပေါ့

ဒါပေမယ့် နဂါးမင်းတွေ့လို့တော့မဖြစ်ဘူး

"အောင်ပင့် မင်းနဂါးအသွင်ပြောင်းလိုက်"

"ဘာ ဘာလို့လဲ "

"ငါ မင်းအဖေ အသံကြားတယ်"

အောင်ပင့် နဂါးအသွင်ပြောင်းကာ နီကျားပြောသည့်အတိုင်း ခွေနေလိုက်သည်

"သား မင်းစောဏက ဘယ်သူနဲ့ စကားပြောနေတာလဲ"

"သ... သား သီချင်းဆိုနေတာ"

What did I do?(Unicode+Zawgyi)Where stories live. Discover now