(Zawgyi Version)
Bom Miအတွက်တော့ ဇာတ်လိုက်ရဲ့တင်းကြပ်စွာဖက်ထားမှုက သူမကိုအသက်ရှုရကြပ်စေလေသည်။
"ကျွန်မကို လွတ်ပေးလို့ရမလား....အသက်ရှုကြပ်လို့ပါ...."
သူမရဲ့အသံကိုကြားတာကြောင့်ဇာတ်လိုက်ဟာ သူမအား ချက်ချင်းလွတ်ပေးလိုက်တော့သည်။သူမဟာအနည်းငယ်ခေါင်းကိုက်ချင်ယောင်ဆောင်ကာ.....
"ကျွန်မပြန်မှတ်မိပြီ....ရှင်က ဖေဖေရဲ့အလုပ်ရှင်ပဲ....ပြီးတော့ရှင့်ကိုကယ်ရင်း ဖေဖေကသေသွားခဲ့တာ...."
"ကိုယ့်ကြောင့်မင်းမိဘတွေကိုဆုံးရှုံးလိုက်ရတာ....ကိုယ် တောင်းပန်ပါတယ်"သူမရဲ့စကားတွေကြောင့် ဇာတ်လိုက်ဟာအပြစ်သားတစ်ယောက်လိုခေါင်းငုပ်သွားလေသည်။
"ကျွန်မ ခွင့်လွတ်ပါတယ်.....ကျွန်မမိဘတွေက ကျွန်မကိုကောင်းကောင်းနေခဲ့ဖို့ဆန္ဒရှိခဲ့ကြမှာပဲ...ဒါကိုကျွန်မက ရူးသွပ်ပြီးသေဖို့လုပ်ခဲ့တာ"မျက်ရေတွေဟာလည်း သူမရဲ့မျက်နှာပေါ် ကျလာနေပြန်သည်။
'Host...ဒီလို လုပ်ပြစရာလိုလို့လား'
'သေသွားတဲ့သူတွေက ငါ့မိဘတွေမဟုတ်ပေမဲ့ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့မိဘတွေလေ....မိဘတွေသေတာကို သူတို့သမီးကပျော်နေတယ်ဆိုတာဖြစ်သင့်လို့လား...ငါလုပ်တာ အကျိုးအကြောင်းဆီလျော်တယ်(︺︹︺)'
"ဒီအတောအတွင်း ကျွန်မကိုစောင့်ရှောက်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်.....ကျွန်မကြောင့် ရှင့်ကိုလည်းအလုပ်ရှုပ်စေခဲ့ပြီ"Bom Miဟာ မျက်ရေဝဲလျက်ဖြင့်ပြုံးပြလိုက်သည်။
"ဘာလို့အလုပ်ရှုပ်ရမှာလည်း...မင်းကကိုယ့်ဇနီးလောင်းပဲဟာ....."
"ရှင် ခုဏကဘာပြောလိုက်တာလဲ....ဇနီးလောင်းဆိုတာကဘာကိုပြောတာလဲ....."Bom Miဟာ မသိသလိုမေးလိုက်သည်။
"Sorryပါ.....ကိုယ်နည်းနည်းလောသွားလို့.....မင်းရဲ့အဖေမသေခင်က ကိုယ်ကတိပေးခဲ့တယ်....မင်းကိုလက်ထပ်ပြီးပျော်အောင်စောင့်ရှောက်ပါ့မယ်လို့"
YOU ARE READING
Cupid System💘 Zawgyi+Unicode
Lãng mạnဒုတိယမြောက် ဒီficလေးကိုလည်းအားပေးကြပါဦး😁။ ×××××××× ဒုတိယမြောက် ဒီficလေးကိုလည်းအားပေးကြပါဦး😁။