"အား!!! Baby! ဖြည်းဖြည်း!"
"ဖြည်းဖြည်းပဲ လုပ်နေတာပဲလေ...ကောရဲ့!"
"သူ ဖြည်းတာကလည်း..."
"ကောရယ်...နည်းနည်းလောက် ထပ်ပြီး အားတင်းထားလိုက်နော်..."
ကုတင်ပေါ်တွင် ဘောင်းဘီချွတ်ကာ ဝမ်းလျားမှောက်အိပ်နေသော ရှောင်းကျန့်တင်ပါးကို ရိပေါ် ဆေးထည့်ပေးနေသည်။ ရိပေါ်ခမျာ ဂရုတစိုက် ပြုစုဆေးထည့်ပေးသော်လည်း အနှီ Cactus၏ အနာရှိန်က မသေသေးသည်မို့ ရှောင်းကျန့်ခမျာ တအီးအီး တအားအား အော်ဟစ် ညည်းညူနေရရှာသည်။
မိသားစုဆရာဝန်ကို ညနေလာလာ ဆေးထည့်ခိုင်းမည်ဟု ရှောင်းကျန့် အကြံပြုဖူးသော်လည်း မဟုတ်! ဆေးထည့်တာလောက်တော့ ကျွမ်းပါတယ်ဗျာ၊ ကျွန်တော့်ကို မယုံတာလား လို့ ပိတ်ပြောထားတော့ ရှောင်းကျန့်မှာလည်း သူ့ကို ချစ်သူအနေနှင့် မယုံရာ၊ မလေးစားရာကျမည်စိုးကာ ဆက်မပြောရဲ။ မိမိချစ်သူ လူပုစိတ်တိုရဲ့ ဒေါသကိုလည်း အထွန့်မတက်ရဲ မဟုတ်ပါလား။
သည်တော့လည်း သည်လိုနဲ့ပဲ ရှောင်းကျန့်တစ်ယောက် ရိပေါ် ထည့်သမျှကို ခံနေရသည်မှာ ယခုနဲ့ဆို ငါးရက်ခန့်ပင် ရှိပေပြီ။ ဆေးနော်! ဆေး!
"အားးးး! အီးဟီးးဟီး! အာ့ကြောင့် ပြောပါတယ်! ဒေါက်တာလုကိုပဲ အိမ်လာခိုင်းလိုက်ပါမယ်ဆိုတာကို..။
Baby! နက်ဖြန်ကစပြီး ဒေါက်တာလုကိုပဲ...""No! No! No! No! No! မရပါဘူး!"
"Baby! ကော ဘာမှတောင် မပြောရသေးဘူးလေ!"
"ဆေးလာထည့်ခိုင်းမှာကို ပြောချင်တာမလား။ ဒေါက်တာလုကို လာခိုင်းမို့ ပြောမလို့မလား..."
ရိပေါ်ရဲ့ အသံက တစ်ခုခုကို မကျေမချမ်းဖြစ်နေသလို ခပ်မာမာ။
"အွန်း! ဟုတ်တယ်...။"
"မရပါဘူး!"
"ဘာလို့လဲ.... baby ကလည်း!"
"ကော စဥ်းစားကြည့်စမ်း! ကျွန်တော့် ချစ်သူတစ်ယောက်လုံးရဲ့ အဖိုးတန် မက်မွန်သီးလေးကို တခြားသူက နေ့တိုင်း လာလာကြည့်ပြီး ကိုင်နေခိုင်းရမှာ ဖြစ်သင့်ရဲ့လားလို့!"
YOU ARE READING
Candy Jelly Sugar Baby (Season-2) (U+Z)
Romance(Unicode) ရှောင်းကျန့် - "Baby ရေ! သီချင်းဆိုပြပါဦး!" ရိပေါ် -" OK လေ! အဟမ်း အဟမ်း! I'm your sugar baby! I'm your sugar baby! What you want! What you do! Everything for you ကျန့်ကော!♡" CJSB Season 1...