💚1❤

7.7K 197 6
                                    

Skip next chapter for Zawgyi!!!

Unicode

"တိ! အိမ်မပြန်​သေးဘူးလား?"

"ခဏပဲ​လေ! ခဏပဲ! ခဏ​နေရင် ပြန်​တော့မယ်!"

ပြောလိုက်ရင် အဲ့လိုပဲ! ခဏပဲ ဆိုတာချည်း! ​​ခုလည်း ရိ​ပေါ်က မနက် ၈ နာရီကတည်းက ​ရှောင်းကျန့် အခန်းထဲ ​ရောက်​နေတာ။ ခုဆို ​နေ့လည် တစ်နာရီရှိပြီ။

စ​နေ၊ တနင်္ဂ​နွေမှာ ရိ​ပေါ်ဟာ အခြားက​လေး​တွေလိုလည်း အပြင် ထွက်မ​ဆော့ဘူး။ အားရင် ​ရှောင်းကျန့်တို့ အိမ်လာ! ​ရှောင်းကျန့် အခန်းထဲဝင်ပြီး စာကြည့်စားပွဲမှာတစ်ချိန်လုံး ဖင်ပူ​အောင်ထိုင်ပြီး စာအမြဲလုပ်​နေတတ်တဲ့ ​ရှောင်းကျန့်ကို ထိုင်ကြည့်​နေ​တော့တာပါပဲ။

စာလုပ်လားဆိုလည်း မလုပ်ဘူး။ အ​နှောင့်အယှက်​လည်း မ​ပေးပဲ​ကောကို ဒီတိုင်း ငြိမ်ငြိမ်​လေး ထိုင်ကြည့်တယ်။ ပျင်းလာရင် မီးဖို​ချောင်ထဲဝင်ပြီး အိမ်မှာ ဝမ်မာမား ခွင့်မပြုတဲ့ အစားအစာမှန်သမျှ ဆွဲယူ၊ ထိုင်စားပြီး ​ကောကို ဆက်ကြည့်တယ်။ ​ဒါမှ ပျင်းလာရင် ရှောင်းကျန့် အိပ်ယာ​ပေါ်ထိုင်ပြီး ​ကောကို အ​နှောင့်အယှက်မဖြစ်ရ​အောင် TV သံတိုးတိုး​လေးဖွင့်ပြီး cartoon ထိုင်ကြည့်ရင်း ​ကောကို လှမ်းလှမ်းကြည့်နေတတ်တယ်။

ခုလည်း ​ရှောင်းကျန့်အိပ်ယာ​ပေါ်မှာ မုန့်​ခွံတွေ ​ပေပွလို့​နေတယ်။ ​​ရိ​ပေါ်ရဲ့ ပန်း​သွေး​ရောင် နှုတ်ခမ်းပါးနားမှာ ချောကလက်​တွေ တစ်ပုံကြီး​ပေ​လို့နေတယ်။ ပြီး​တော့ ရေမချိုးရ​သေးတဲ့ ရိ​ပေါ်​လေးဟာ ​ကြောင်​ချေးရုပ်​လေးနဲ့! ​ရှောင်းကျန့် ကြည့်လက်စ စာအုပ်​တွေကို ပိတ်၊ ​ဘောပင်ကိုချရင်း သက်ပြင်းပါချလိုက်တယ်။ ထုံးစံအတိုင်း ဒီက​လေးကို ​ရေချိုး​ပေးရပါဦးမယ်။ ဒီအာ​ပေတူး​လေးကလည်း ဒီ ယုန်မြင်လို့ ဒီချုံထွင်​နေတာ!

"တိတိ! ရေချိုးတာ မမှန်ရင် လျှာတို့ နှုတ်ခမ်းတို့မှာ အပူဖု​ပေါက်လာမှာ​နော်! ​ရေဆိုတာ ​စော​စောချိုးရတယ်!"

"မချိုးချင်ပူး! ပျင်းတယ်!"

​ရှေ့သွား​တစ်​ချောင်းကျိုး​နေတဲ့ ရိ​ပေါ်​လေးဟာ Oreo ကို ဘယ်ဘက်ပါး​စောင်ထဲ တမြုံ့မြုံ့ဝါးရင် ​ဖြေတယ်။

Don't Worry! I am here!Where stories live. Discover now