Skip next chapter for Zawgyi!!!
Unicode
"တိ! အိမ်မပြန်သေးဘူးလား?"
"ခဏပဲလေ! ခဏပဲ! ခဏနေရင် ပြန်တော့မယ်!"
ပြောလိုက်ရင် အဲ့လိုပဲ! ခဏပဲ ဆိုတာချည်း! ခုလည်း ရိပေါ်က မနက် ၈ နာရီကတည်းက ရှောင်းကျန့် အခန်းထဲ ရောက်နေတာ။ ခုဆို နေ့လည် တစ်နာရီရှိပြီ။
စနေ၊ တနင်္ဂနွေမှာ ရိပေါ်ဟာ အခြားကလေးတွေလိုလည်း အပြင် ထွက်မဆော့ဘူး။ အားရင် ရှောင်းကျန့်တို့ အိမ်လာ! ရှောင်းကျန့် အခန်းထဲဝင်ပြီး စာကြည့်စားပွဲမှာတစ်ချိန်လုံး ဖင်ပူအောင်ထိုင်ပြီး စာအမြဲလုပ်နေတတ်တဲ့ ရှောင်းကျန့်ကို ထိုင်ကြည့်နေတော့တာပါပဲ။
စာလုပ်လားဆိုလည်း မလုပ်ဘူး။ အနှောင့်အယှက်လည်း မပေးပဲကောကို ဒီတိုင်း ငြိမ်ငြိမ်လေး ထိုင်ကြည့်တယ်။ ပျင်းလာရင် မီးဖိုချောင်ထဲဝင်ပြီး အိမ်မှာ ဝမ်မာမား ခွင့်မပြုတဲ့ အစားအစာမှန်သမျှ ဆွဲယူ၊ ထိုင်စားပြီး ကောကို ဆက်ကြည့်တယ်။ ဒါမှ ပျင်းလာရင် ရှောင်းကျန့် အိပ်ယာပေါ်ထိုင်ပြီး ကောကို အနှောင့်အယှက်မဖြစ်ရအောင် TV သံတိုးတိုးလေးဖွင့်ပြီး cartoon ထိုင်ကြည့်ရင်း ကောကို လှမ်းလှမ်းကြည့်နေတတ်တယ်။
ခုလည်း ရှောင်းကျန့်အိပ်ယာပေါ်မှာ မုန့်ခွံတွေ ပေပွလို့နေတယ်။ ရိပေါ်ရဲ့ ပန်းသွေးရောင် နှုတ်ခမ်းပါးနားမှာ ချောကလက်တွေ တစ်ပုံကြီးပေလို့နေတယ်။ ပြီးတော့ ရေမချိုးရသေးတဲ့ ရိပေါ်လေးဟာ ကြောင်ချေးရုပ်လေးနဲ့! ရှောင်းကျန့် ကြည့်လက်စ စာအုပ်တွေကို ပိတ်၊ ဘောပင်ကိုချရင်း သက်ပြင်းပါချလိုက်တယ်။ ထုံးစံအတိုင်း ဒီကလေးကို ရေချိုးပေးရပါဦးမယ်။ ဒီအာပေတူးလေးကလည်း ဒီ ယုန်မြင်လို့ ဒီချုံထွင်နေတာ!
"တိတိ! ရေချိုးတာ မမှန်ရင် လျှာတို့ နှုတ်ခမ်းတို့မှာ အပူဖုပေါက်လာမှာနော်! ရေဆိုတာ စောစောချိုးရတယ်!"
"မချိုးချင်ပူး! ပျင်းတယ်!"
ရှေ့သွားတစ်ချောင်းကျိုးနေတဲ့ ရိပေါ်လေးဟာ Oreo ကို ဘယ်ဘက်ပါးစောင်ထဲ တမြုံ့မြုံ့ဝါးရင် ဖြေတယ်။
YOU ARE READING
Don't Worry! I am here!
RomanceUnicode~ "ကော ဘာမှမကြောက်နဲ့! တိ ရှိတယ်!" Zawgyi~ "ေကာ ဘာမှမကြောက်နဲ့! တိ ရှိတယ်!" ~ Yizhan 💚❤ ~ A Mini Sequel of 'What is S*x?" from my Yizhan One Shots! ^_^