Part-1[Unicode & Zawgyi]

3K 335 4
                                    

[Unicode]

ဂျူနီယာ(အထက်တန်း)နှစ် ပိတ်ရက်ည

စုဝမ်တစ်ယောက်နောက်ဆုံးတော့ သူမနှလုံးသားထဲတွင် ကိန်းအောင်းထားသည်များကို ထပ်ပြီးမအောင့်အီးနိုင်တော့တာမို့ သူမ ဖုန်းထဲကနေ သူ့အားဝန်ခံခဲ့သည်။ သူမပြောလိုက်တယ် "ကျွန်မ...ကျွန်မ...ကျွန်မ..."

တဖက်မှ အသံတစ်စုံတရာထွက်မလာ..

စုဝမ်နောက်ဆုံးတော့ သူမလျှာဖျားမှ စကားတစ်ခွန်းဖျစ်ညှစ်ထုတ်လိုက်သည် "ကျွန်မ ရှင့်ကို သဘောကျတယ်" သူမနောက်ဆုံးတော့ တစ်စုံတစ်ယောက်ကို ဝန်ခံလိုက်ပြီထင်တယ်။ရဲတွတ်နေသောပါးနှစ်ဖက်နှင့်အတူ သူမရဲ့မျက်လုံးတို့လည်း ကျယ်သွားပေမယ့် တစ်ဖက်မှတုံ့ပြန်ချက် တစ်စုံတစ်ရာပင်ထွက်မလာခင် ကို့ယို့ကားယားနိုင်စွာ အမြန်ချလိုက်ပြီး သေခါနီးလူ အမောတကောပြောပြီးသည့်ပုံစံဖြင့်သာ ဖုန်းကိုကြည့်နေမိသည်။

သူမနောက်ဆုံးတော့ ပြောထွက်ခဲ့ပြီ!

သူမ သုံးနှစ်တာလုံး တိတ်တခိုးချစ်နေခဲ့ရတဲ့ လီချန်းရန်ကို ဖွင့်ပြောနိုင်ခဲ့ပြီ!

စုဝမ် သူမဆံပင်ကိုလိမ်ဆော့နေမိသလို သွားကိုလည်းကြိတ်နေမိသည်။"ငါဘာလို့များ ဖုန်းချလိုက်တာလဲ?ငါဘာလို့များ ဖုန်းချလိုက်ရတာလဲ?အားးး ငါကအရူးမပဲ!" သူမ သူ့ဆီကတောင် အဖြေမကြားရသေးဘူး! သူမရဲ့သတ္တိတွေစုပြီး ပထမဆုံးအနေနဲ့ ကြိုးစားခဲ့ပေမယ့် အခုတော့ ဘယ်လိုဆက်မလုပ်ပဲနေရမှာလဲ?သူမပုံစံက စစ်မြေပြင်သွားတဲ့ စစ်သားတစ်ယောက် ဗုံးတစ်လုံးကို သူကိုယ်တိုင်ပစ်ပြီး အကာအကွယ်နဲ့ဦးထုပ်ကို စွန့်လွှတ်ပစ်လိုက်တဲ့ သူတစ်ယောက်လိုပဲ...

သူမဘာလုပ်ရမှာလဲ?

စုဝမ်ခေါင်းခါကာ ကုတင်ပေါ်သို့ အရုပ်ကျိုးပျက်လှဲချလိုက်တော့သည်။နောက်တနေ့သူမကျောင်းသွားတော့ သူမမျက်လုံးရှေ့ပေါ်လာတယ်။

စုဝမ်နဲ့လီချန်းရန်ဆိုတာက ကျောင်းသွားမယ့်လမ်းက တစ်လမ်းတည်း။ကျောင်းမှမီတာတစ်ရာ အကွာအဝေးလောက်ကနေ စုလေ့ လီချန်းရန်ကိုတွေ့နေရသည်။သူက မနက်စာစားဖို့ဆိုင်ကနေ ကိတ်မုန့်ဝယ်နေတယ်။စုဝမ်တယောက် ညကအဖြစ်အပျက်တို့ကို ပြန်သတိရသွားရင်ပဲ သူမခန္ဓာကိုယ်ကို မြေကြီးနဲ့သော့ခတ်ထားသလို ခံစားလိုက်ရတယ်။မြေပြင်ပေါ်ကနေ တလှမ်းတောင်လှုပ်မရတော့..

Suwan's Love Story(Translation)Where stories live. Discover now