Chapter 12

3.6K 335 1
                                    

>Unicode<

”ဆိုတော့ ဒန်ဒယ်တို့က အဲ့အခြေအနေ...အဟမ်း ရောက်ပြီလား”

မနက်ရောက်တော့ ဂျော့စီဖာက လီယွန်အိမ်တော်ကို မနေ့ကအမဲလိုက်ပွဲအကြောင်း စပ်စုချင်သောကြောင့် ရောက်လာပေမယ့် ဒန်ဒယ်ကမနိုးသေး၍ စန်မာနှင့် စကားအရင်ပြောနေမိလေရာ တစ်ဆက်တည်း စန်မာက ထိုအကြောင်းကို ပြောမိသွားတော့ ဂျော့လ်စီဖာက စိတ်မကောင်းမဖြစ်သည့်အပြင် ပြုံးတောင်ပြုံးနေသေးသည်။

အရင်က မိန်းကလေးဂျော့လ်စီဖာဟာ မြို့စားမင်းကို နှစ်သက်သည်မှတ်လား။ သို့ပေမယ့် ဒန်ဒယ်နဲ့ ၎င်းအခြေအနေမျိုးဖြစ်တာတောင် ဘာမှမဖြစ်။ တစ်ခုခုတော့တစ်ခုခုပဲ။

”အစ်ကို”

အနောက်က ဒန်ဒယ်အသံက လှည့်မကြည့်တာတောင် ဒေါသထွက်နေမှန်း သိသာသည်။ ဂျော့လ်စီဖာလည်း အနောက်လှည့်ကာ ပြုံးပြလိုက်လေရာ ဒန်ဒယ်၏ဒေါသထွက်နေသော အကြည့်ဖြင့်သာ ရင်ဆိုင်လိုက်ရသည်။သို့ပေမယ့် ဒန်ဒယ်၏အကြည့်က ဂျော့လ်စီဖာအတွက် ရယ်ချင်လာသယောင်။

”အဆင်ပြေရဲ့လား...ဒန်ဒယ်လီယွန်”

ခေါင်းကိုတစ်ဖက်ကိုစောင်းလိုက်ပြီး အဆင်ပြေသလားမေးနေသော ဂျော့လ်စီဖာက သတ်ချင်ဖွယ်ကောင်းလေသည်။ ဂျော့လ်စီဖာက သူငယ်ချင်းဘက်က မနာသည့်အပြင် လိုက်ပါစနေတာကတော့ နည်းနည်းတော့ ခံပြင်းစရာပင်။

ဒန်ဒယ်က ပိုဒေါသထွက်နေတော့ ဂျော့လ်စီဖာကလျှာပါထုတ်ပြလိုက်သေးသည်။ ဂျော့လ်စီဖာကပဲ ကြိုတင်သိနိုင်သည့် အစွမ်းရှိနေသည်လား အချိန်ကိုက်ဖြစ်သွားသည်လားမသ်ိ။ သူမနောက်လှည့်ကြည့်လိုက်သည့်အချိန်မှာ မြို့စားမင်းက လာသည်ကို မြင်လိုက်သည်။ ဒါကိုတော့ ဒန်ဒယ်ဟာမမြင်ပါလေ။

ဒါအခွင့်အရေးပဲ......

ဂျော့လ်စီဖာက ဒန်ဒယ် ဂျေးဒီအန်အား မတွေ့သေးသည်ကို ကြည့်ပြီးလူယုတ်မာပြုံး ပြုံးလိုက်သည်။ ထို့နောက်သူမက

”တကယ်တော့ ဒန်ဒယ်က မြို့စားမင်းကို အရမ်းချစ်တာကျွန်မသိတယ်....ဒန်ဒယ် ရှင်ကျွန်မကို ခဏခဏ  ပြောတယ်မှတ်လား....မြို့စားမင်းက အရမ်းခန့်ညားတယ် မြို့စားမင်းကို အရမ်းကြိုက်တယ်ဆိုပြီးတော့လေ”

The Reincarnation to the Novel[complete]Where stories live. Discover now