Episode 1
တီ တီ တီ .......
ဝမ်အိမ်တော်ကြီးအဝင်တံခါးဝတွင် ကားသုံးစီးရှေ့ဆင့်နောက်ဆင့်ဝင်လာကြသည်။ ထင်ရှူးတောကြီးရဲ့အလည်တည့်တည့်ကအိမ်တော်ကြီးစီသို့ငါးမိနစ်ခန့် မောင်းပီ မှ အိမ်တော်ကြီးစင်ဝန်းအောက်ရောက်တယ်။
ဝန်ထမ်းတွေအကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်ပီး အလယ်ကားစီသို့ဝိုင်းရံပီးကားတံခါးလှပ်လိုက်တော့ ဝမ်သခင်ကြီးနဲ့ ဝမ်ကတော်ကြီး နှစ်ယောက်ကားပေါ်ကဆင်းလိုက်တယ်။ ဝန်ထမ်းအားလုံးခေါင်းတွေက ဦးညွတ်လျက်ရှိနေကြတယ်။
ဝမ်ကတော်ကြီးက အိမ်တော်ထိန်ကြီးကိုမေးလိုက်တယ်
"ဝမ်လေးနိုးပီလား "
"မနိုးသေးဘူးသခင်မကြီး " အိမ်တော်ထိန်းရဲ့အပြောစကားကို ခေါင်းတစ်ချက်ငြိမ့်ပီး အိမ်တော်ထဲဝင်သွားတဲ့ ဝမ်သခင်မကြီးြကည့်ရတာငြိမ်ချမ်းပီး ကျက်သရေရှိလွန်းလိုက်တာ အိမ်တောင်ထဲကခန်းနားထည်ဝါလွန်းတဲ့ ကျွန်းလှေကားကြီးကွေ့ပတ်တက်ပီးနောက် ဒုတိယထပ်မှာနေတဲ့ ဝမ်အိမ်တော်ရဲ့ အချစ်တော့ အရှင်သခင်လေး အခန်းထဲရောက်တော့ အိပ်နေတဲ့အရှင်သခင် ဝမ်ရိပေါ်ရဲ့ နှဖူးလေးကိုဖွဖွလေးနမ်းလိုက်ပီး
"ဝမ်လေးရေထတော့လေကွယ် ဒီနေ့ တက္ကသိုလ် စတက်ရမယ်မလား မားမာတို့ပြန်လာပီလေကွယ် "
ရိပေါ်ပြုံးရင်းမျက်လုံးလေးဖွင့်လိုက်တယ်
လွမ်းလိုက်တာမားမားရယ် ပြင်သစ်ရုံးခွဲကိုပါးပါးနဲ့လိုက်သွားလို့တစ်လလောက်ခွဲနေရတယ် သားတက္ကသိုလ်တက်ဖို့ကိုအရေးတကြီးပြန်ရောက်လာတဲ့ပါးပါးနဲ့မားမား သားကိုအရမ်းချစ်အရမ်းအလိုလိုက်တဲ့မိဘနှစ်ပါးပါ။
"သားကိုအာဘွားပေးမှထမယ် " ရိပေါ်ရစ်လိုက်တော့ ရိပေါ် ရဲ့ပါးဖောင်းဖောင်းလေးကို ခွက်ဝင်သွားအောင်နမ်းလိုက်ပီး "အမယ်လေးတော်ချစ်ဖို့ကောင်းလိုက်တာ ငါ့သားလေးအရမ်းလွမ်းလို့ ပါးပါးကိုအမြန်ပြန်ခိုင်းရတယ် မားမားမရှိတုန်း သားလေး အဆင်ပြေရဲ့လား " ရိပေါ်ကိုဖတ်ထားရင်းမေးလိုက်တယ် "ပြေပါတယ်မားမားကလဲ သားကလေးမှမဟုတ်တော့တာ "ချွဲသံလေးတဲ့ပြောလိုက်တော့ ဝမ်ပါးပါးက "ဟားဟား ကလေးမဟုတ်လို့ပဲ ပိုစိုးရိမ်ရတာပေါ့သားရယ် ကြည့်လေ ဒီနေ့ပဲ တက္ကသိုလ် တက်ရတော့မယ် ခုထိမထသေးဘူးလေ "
"ပါးပါးကလဲကွာဝမ်လေးကနိုးနေပါပီ နှပ်နေတာပါ"လို့လျှာထုပ်ပြောင်ရင်းရေချိုးခန်းထဲဝင်သွားတော့တယ် "ဒီကလေးလေးကတော့မနိုင်ပါဘူးပါးပါးရယ် "ဝမ်မားမားကပြုံးရင်းပြောနေတယ်
ရီပေါ်မနက်စာစားပီးကျောင်းကိုထွတ်လာခဲ့တယ်၊ ပါးနဲ့မားကလိုက်ပို့ပါမယ်လုပ်နေလို့အတင်းငြင်းလိုက်ရတယ်။ နောက်ဆုံးပေါ် ပြိုင်ကားအနီလေးနဲ့ ကျောင်းထဲဝင်လိုက်တော့ ကျောင်းသားကျောင်းသူအားလုံးရဲ့မျက်လုံးတွေက ကားနောက်မှာ ။ ကိုယ်တက်ရမယ့် Physics ဌာနကြီးရှေ့ကားပါထင်ထိုးလိုက်တယ် ဘေးဘီဝေ့ကြည့်လိုက်တော့ ပါမောခကားနဲ့ဌာမှုးကားပဲတေွ့တယ် ။ကားပေါ်ကဆင်းလိုက်တာနဲ့ မိန်းခလေးတေွအသံဆူညံစွာထွတ်ပေါ်လာတယ်
"ဟယ်ချောလိုက်တာအေ"
"အရမ်းချောတာပဲ"
"နာမည်ကြီးနေတဲ့ ဝမ်အိမ်ကတစ်ဦးတည်းသောသားမလား"
"ကြွေပါပီဟယ် "........."ကျွတ် ဆူညံလိုက်တာကွာ "ရိပေါ်တိုးတိုးလေးပြောရင်း လှေကားပေါ်ပြေးတက်လိုက်ရင်း လှေကားထောင့်ချိုးရောက်တော့
"ဘုတ်! "
"အင့်"
"shit "ကောင်မလေးတစ်ယောက်နဲ့ဝင်တိုတ်မိတာ (မအေးဝင်းစီစဥ်ခြင်းမဟုတ်သာသာစီစဥ်ခြင်းပင် ဖြစ်သည် 😁😁😁)
ကောင်မလေးစာအုပ်တွေပြုတ်ကျသွားတော့မကောင်းတတ်တာနဲ့ကောက်ပေးလိုက်တယ်
ကောင်မလေးလန့်သွားပုံရတယ် ကြောင်ကြည့်နေတယ် အကုန်ကောက်ပီးကာနီးမှသတိဝင်လာပုံရတယ် သူ့ဘေးကစာအုပ်လေးလာလုကောက်တယ် သူ့ဘေးဝင်ထိုင်လိုက်တော့
("အား ......shit သနပ်ခါးနံလေး") ဟုတ်တယ်ကောင်မလေးပါးမှာပါးကွတ်ကြားလေးနဲ့ သူ့ကောက်ထားတဲ့စာအုပ်တွေလှမ်းတောင်းတဲ့သူ့ကိုငေးကြည့်နေမိတယ် ("ချစ်စရာလေး ပဲ") စိတ်ထဲကပြောမိခြင်းပင်ဖြစ်သည်
" sorry နော်ကိုယ်လောကြီးပီး တက်လိုက်လို့"
"ဟုတ် ဟုတ်ရပါတယ်" ကြောင်ကြောင်လေးပြန်ပြောတယ် သူမလေးခုထိလန့်နေတုန်း
သူပြောပီးလှည့်ထွက်ခဲ့တယ် ကျောင်းသားသစ်တွေထားတဲ့ရုံးခန်းကို
ဒီနေ့ကကျောင်းစဖွင့်တဲ့နေမလို့ ကျောင်းသားတွေအကုန် ရုံးခန်းထဲမှရောက်နေကြတယ် ပထမနှစ်တွေပင် အယောက် 200ကျော် သူလွတ်တဲ့တစ်နေရာဝင်ရပ်ရင်း(ဟိုကောင်တွေမလာသေးဘူးလားမသိဖုန်းဆက်ကြည့်မှ)
"ယျောင့်တွေမလာသေးဘူးလားကွ"
"လာပီဟ ကားပါ ကင်ထိုးနေပီ ယျောင့်စောလှကြီလား ငါတို့မရောက်သေးဘူးထင်နေတာ လာပီနော်တက်လာပီ"ယွီပင်းနှင့် အားယွမ် တို့ခပ်သွက်သွက်လျှောက်လာကြပီ
မလျှောက်လို့လဲမရ ကိုယ့်သူငယ်ချင်းဝမ်ကိုယ်တော်လေးအကြောင်းသူတို့အသိဆုံးပင်.....