3

3.5K 93 2
                                    

#Zawgyi

2013

'မမိုးရယ်​ ​ရွှေတွဲလွဲ၊​ငွေတွဲလွဲနဲ့
လှလို့ဝလို့ပါလှ​တော်​´

'စိတ်​ချမ်းသာလို့​ပေါ့ မစိုးရယ်​။´

ကျောင်းက​နေလွတ်​​တော့...​မေနဲ့တခြားမိန်းမကြီးတစ်​​ယောက်​ စကား​တွေ​ပြော​နေလိုက်​ကြတာများ...တခြားတစ်​​ယောက်​သာထပ်​တိုးပါကြည့်​ သူများအတင်း​ပြောမှာ
မေတို့အကျင့်​ဗျ ။ ​မေ​ရေ့ကန်​တော့...
ကန်​​တော့

'​မေသားပြန်​​ရောက်​ပြီ။´

နေ့တိုင်းနှုတ်​ဆက်​​နေကျမဟုတ်​​ပေမဲ့
မေမျက်​နှာပျက်​မှာစိုးတယ်​ ။ ​တွေ့တယ်​မလား
ကျွန်​​တော်​ဟာ သား​ကောင်းရာတနာပါဆို
အိမ်​​ပေါ်ဘာကူ​ဖော်​ကူဖက်​ဝင်​​ငွေ
တစ်​ပြားတစ်​ချပ်​မှမရှာ​ဖွေ ​ပေးရင်​​တောင်​မှ​ပေါ့ ။>.<

'မမိုးသား​တောင်​မနည်းကြီး​နေပြီဘဲ​နော်​။´

ဌဲ...ဘယ်​တုန်းက ကြီးသွားပြန်​သည်​မသိ။
ကျွန်​​တော်​အန်​တီကိုမသိဖူး။

'တက္ကသိုလ်​​နောက်​ဆုံးနှစ်​​ရောက်​ပြီ​လေ...
နောက်တစ်​နှစ်​ဆို သူကိုလည်း​ရွှေထည်​လုပ်​ငန်း
တစ်​ခုကိုလွဲအပ်​​တော့မှာ မစိုး´

ဘယ်​သူက...ဒီအလုပ်​ကိုလုပ်​မယ်​​ပြော
လို့တုန်း။ကျွန်​​တော်​ အခန်းထဲမဝင်​​သေးဘဲ
မီးဖို​ချောင်​ထဲအရင်​ဝင်​ကာ ​ရေ​သောက်​ပြီး
ရေခဲ​သေတ္တာထဲမှ ပန်းသီးတစ်​လုံးအား
ယူကာစားပြီး...အခန်းရှိရာအ​ပေါ်ထပ်​ဆီ
တက်​သွားလိုက်​တယ်​။

ကဲ...​မေတို့လည်း သားအ​ကြောင်းဘာအ​ကြောင်း​ဆွေး​နွေးရာဦးတည်​ပြီး...
ဘယ်​ကကြိုးကကြားကမှန်းမသိတဲ့ မိန်းမတစ်​ဦး
အ​ကြောင်းအတင်း​ပြောလို့​နေ​တော့တယ်​။
မေတို့ကတစ်​​နေ့​နေ့အတင်း​ပြောရမှ
ထမင်းစားဝင်​တာမျိုး ...
ထပ်​ပြီးကန်​​​တော့ပါတယ်​  ​မေ​ရေ့။

ရေမိုးချိုးပြီ ပြန်​​ဆင်းလာတာ​တောင်​မှ
ပြောလို့​တောင်​မပြီးနိုင်​စီးနိင်​​သော အတင်း​ပြောခြင်း။
ပြောနိုင်​လိုက်​တာများ​လေ...

ချာတိတ်♡ ချာတိတ်Where stories live. Discover now