Be My One ( Unicode+Zawgyi)

845 62 72
                                    


▫▫▫▫▫▫▫▫▫▫▫▫▫▫▫ Be My One ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Laptop​ကိုရှေ့ချကာ ကြုံ့ကြုံ့လေးထိုင်နေရှာတဲ့
စာရေးဆရာကို Doyoung စူးစိုက်ကြည့်နေတယ် ။
မျက်တောင်တစ်ချက်မှ မခတ်ပဲနဲ့ပေါ့ ။

မိနစ်ပိုင်းလောက်ကြာတော့မှ မျက်မှန်ကိုင်းလေးကို
ဟန်ပါပါပင့်ရင်း သူ့ကိုပြန်ကြည့်လာတဲ့ အဲ့ဒီလူကို
ဖြစ်နိုင်ရင် ဂုတ်ကနေဆွဲပြီး ရုံးခန်းထဲက အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ချင်တယ် ။ ဒါပေမယ့် အ​ခြေအနေအရ ဒင်းကိုစိတ်ရှည်မှဖြစ်မယ် ။

" တကယ်တော့စာရေးတာမှမဟုတ်ပဲ တစ်စုံတစ်ခုကိုဖန်တီးတာကလည်း အနုပညာကွ..အနုပညာဆိုတာက ခံစားသက်ဝင်မှုပါမှ ရသမြောက်တာ မင်းလည်းသိတယ်မလား "

" ဒါဖြင့်ရင် မင်းရဲ့ခံစားသက်ဝင်မှုကြီးက
ဘယ်အချိန်အခါမှ မွေးဖွားလာမှာတုန်း!!
ငါအလုပ်ပြုတ်မှလား!! "

သည်းခံခြင်းဂိတ်ဆုံးရောက်သွားတဲ့ Doyoung​က
စားပွဲခုံကို ဒုန်းခနဲထုရင်း အော်လိုက်တော့
Taeyong ကိုယ်လေးတုန်သွားတယ် ။

ဒီကောင်ဟာ ကျောင်းတုန်းကလို ဒေါသကြီးတုန်းပဲ
အယ်ဒီတာDoh KyungSooနဲ့ သားအဖလားမှတ်ရတယ်။ ထုတ်မပြောရဲပါဘူး ရှစ်ထပ်တိုက်ပေါ်ကနေ
မြေညီထပ်ကို ဓာတ်လှေကားမလိုပဲရောက်သွားမှာ
စိုးလို့ (*¯ㅿ¯*;)

" ငါ.... "

" တော်စမ်း.. ဘာမှမကြားချင်ဘူး ဒီဝတ္ထုကို
ဒီလထွက်မယ့် စာအုပ်ထဲထည့်ချင်တယ်
အချိန်နှစ်လရမယ် deadline အမှီ
အထက်ကိုမတင်နိုင်ရင် ငါအလုပ်ပြုတ်မယ်..
အေး..ပြီးရင်မင်းလည်းအသက်ရှင်ဖို့မစဥ်းစားနဲ့
Fighting သူငယ်ချင်း မင်းလုပ်နိုင်ပါတယ် ​"

ကြောက်စရာစကားတွေကို ယုန်သွားလေးတွေ
ပေါ်အောင်ပြုံးကာပြောရင်း အချိုသပ်နေတဲ့
မန်နေဂျာ Kim Doyoung ရှေ့မှာ Lee Taeyong
တစ်ယောက် ဘာမှတောင်ပြန်မပြောရဲတော့ဘူး။
ဒါပေမယ့် အကျင့်အရ နည်းနည်းတော့အတွန့်တက်ချင်သေးတယ် ။

" ရအောင်တော့လုပ်ပေးချင်​ပါတယ် ဒါပေမယ့်
မင်းသိတဲ့အတိုင်း ငါကဟင်းတောင်ကိုယ့်ဘာသာ
ချက်စားနေရတဲ့လူဆိုတော့ အချိန်ကသိပ်မလောက်ဘူးဖြစ်နေသလားလို့... "

You've reached the end of published parts.

⏰ Last updated: Feb 16, 2020 ⏰

Add this story to your Library to get notified about new parts!

~ Be My One ~ Where stories live. Discover now