"စိတ်ကျေနပ်သွားတာလား ဒါက"
အဝတ်အစားတွေတောင် ပြန်မဝတ်ရသေးတဲ့ သူမတို့ အိပ်ရာထဲပဲလှဲနေမိကြတယ်။ Tiff က စောင်ပုံထဲမြုပ်နေတဲ့ TaeYeon ကို အသည်းယားနေသည့်ပုံပေါ်တယ်။ တစိမ့်စိမ့်ကြည့်ပြီး ပြုံးနေတာမို့ TaeYeon မေးလိုက်ရတော့တယ်။
"မင်းကိုချစ်နေတာပါ"
စကားသိပ်တတ်သည်ပဲထားပါ။ ဒီလောက်ချစ်စရာကောင်းအောင်တော့ မတတ်သင့်ဘူးလေ။ ပြီးတော့သူက သူမထပ်အကြီး။ ကိုယ့်ထပ်အကြီးကို ပြန်အသည်းယားပြီး ချစ်နေရတာ တစ်မျိုးတော့ဆန်းပါတယ်။
"လက်လေ့ကျင့်ခန်းတဲ့ အံ့ဩလိုက်တာ။ ဆရာမတွေက စကားတတ်တာလား"
"မင်းက မတတ်တာကျလို့ကွာ .. တို့လဲ လိုချင်တာကို သွယ်ဝိုက်ပြောမိရုံပါ"
Tiff က TaeYeon နှုတ်ခေါင်းထိပ်ကလေးကို သူ့လက်ညှိုးဖျားနဲ့ ဆတ်ခနဲတို့ပြီးပြောတယ်။ TaeYeon အနောက်ကိုဆုတ်လိုက်ပြီး မျက်နှာကိုလိုတာထပ်ပိုမဲ့လိုက်မိသည်။
"လက်ကညစ်ပတ်နေတာကို"
TaeYeon စကားကိုမကျေနပ်ဟန်ဖြစ်သွားတဲ့ အမျိုးသမီးဟာ နှုတ်ခမ်းကိုဆူ၍ တစ်ခွန်းတည်းရွတ်သည်။
"ဘယ်သူကအဲ့လက်ကို နမ်းတာလဲနော်စောစောက"
🌻
စိတ်ဟာ အချိန်နှင့်လိုက်၍ပြောင်းသည်လား။
အချိန်ကသာ စိတ်ကိုလိုက်၍ ကောင်းသည်လား။
ဘယ်လိုတိုင်းတာသတ်မှတ်ချက်တွေနဲ့ အချိန်ကောင်းကိုသတ်မှတ်သလဲသိချင်သည်။✨
သုံးရက်ကြာတော့ သူမတို့ Amsterdam ကနေပြန်ဖို့ ဆုံးဖြတ်ပြီး စီစဉ်လိုက်ကြသည်။ ထိုသုံးရက်အတွင်း သူမနဲ့ Tiff နဲ့ စကားနိုင်လုကာ ရန်ဖြစ်တာမျိုးမရှိခဲ့။ တကယ်သာယာပြီး ပျော်စရာကောင်းတဲ့ အပြန်အလှန်ချစ်မြတ်နိုးမှုတွေကိုသာ ဝေမျှပေးခဲ့ကြသည်။ တောက်လျှောက် သူ့အနားကမခွဲတမ်း ကပ်နေခဲ့တဲ့ထိုအချိန်တွေမှာ သိလာရတာတစ်ခုကတော့ Tiff ဟာ လူကြီးလူကောင်းဆန်မှုကို သိပ်ဦးစားပေးတတ်သည်ဆိုသည့်အချက်ကိုပင်။
TaeYeon ကို ထမင်းစားခါနီး လက်သုတ်ပဝါယူပေးတာ၊ ဖန်ခွက်ထဲရေဖြည့်ပေးတဲ့သူ သူပဲအရင်ဖြစ်ချင်တာ၊ TaeYeon ထိုင်ဖို့ခုံကို သူဆွဲယူပေးချင်တာ။ ဒါတွေကို သိသိသာသာရော မသိမသာရော သူပြုမူခဲ့သည့်အပြင် လွန်လွန်ကြူးကြူးတစ်ခွန်းတောင်ပြောခဲ့ပါသေးသည်။
YOU ARE READING
• A Poem Titled "You" •
Fanfictionရှင်က ကဗျာခေါင်းစဉ်ဖြစ်နေသ၍ ကျွန်မစိတ်နဲ့ခန္ဓာက ဒီစာသားတွေထဲ ကပ်တွယ်နေမှာ ...