Part 1

151 7 4
                                    

"သားရေ…ထတော့လေ"

အိပ်ကောင်းပြီဆိုကြားနေကြ ကျတော့အမေရဲ့အသံ

"မေမေကလည်း သားခဏလေးဘဲထပ်အိပ်ပါ့ရစေ"

perm စောင်ကိုခေါင်းမြီးခြုံကာ သူ့အမေကို အော်ပြောလိုက်သည်

"မရပါဘူးနော် သား ဒီနေ့သား ပထဆုံးကျောင်းသွားရမဲ့နေလေ"

"hummm……ထပြီထပြီ"

သူဆက်အိပ်မရတော့ဘူးဆိုတာသိရု အိပ်ရာပေါ်ကထလိုက်တော့ မေမေက သူ့ရဲ့နဖူးကို လာနမ်းသည်

သူထကာ ရေချိုးခန်းကိုသွားသည် သူရဲ့ပထမဆုံးနေ့အတွက် သူတကယ် စိတ်လှုပ်ရှားနေဧ။် stateကျောင်းတက်တုန်းကထက်ပိုပြီး ရင်ခုန်မိသည်

သူသွားတိုက်နေရင် ရေစင်ဘေးကမှန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်
လူတိုင်းက သူ့ကို ချစ်ဖို့ကောင်းတယ် ချစ်စရာလေး စသည်ဖြင့် အမျိုးမျိုးပြောကြသည်အပေါ် သူတကယ်နားမလည်ပါ သူက မိန်းကလေးမှမဟုတ်တာ ချစ်စရာကောင်းတယ်လို့ မပြောသင့်

သူအတွေးကို လက်စဖျက်ပြီး ကျောင်းအကျီလဲလိုက်သည် ထို့နောက်
မနက်စာစားရန်  အောက်ထပ်သို့ သူဆင်းလာခဲ့သည်

အမေက မီးဖိုချောင်ထဲမှာ မနက်စာပြင်နေပြီး အဖေကတော့ ကော်ဖီသောက်ရင်း သတင်းစာဖတ်နေသည်

"morning ဖေဖေ "
ပါးကို နမ်းလိုက်ကာ ပြောသည်

"morning ပါ သားရဲ့ "

မေမေလို့ပင် သူ့နှဖူးကိုနမ်းကာ နှုတ်ဆတ်သည်

"သား လာထိုင်လေ မေမေသားအတွက် ပန်ကိတ်လုပ်ထားပေးတယ်"

perm ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး

"woo……ကျေးဇူးနော် မေ အဲ့တာတွေအရမ်းချစ်တာ"

"ကျောင်းသွားရတော့မှာ ဆိုတော့ စိတ်တွေ လှုပ်ရှားနေပြီလား"

အသက်အရွယ်ထိ အစားစားရင် ပေရေနေအောင်စားတတ်သော သူမဧ။်သား အားကြည့် ပြီးရယ်လိုက်သည်

"ဟုတ်မေမေ သား တကယ် ရင်ခုန်နေတယ်"

"aww…ငါ့သားလေးတောင် ဒီအရွယ်ထိရောက်လာပြီး ဒါပေမဲ့stateတုန်းကလို ကလေးလေးဘဲရှိသေးတယ်"

InNoCeNcEWhere stories live. Discover now