"အောက် အီးအီး..အွတ်" အချိန်က မိုးသောက်ချိန်သို့ရောက်နေပြီ။ကျွန်တော့်ရဲ့ ပုံမှန်နေ့လေးတနေ့ကို ပင်ပန်းကြီးစွာ ဖြတ်သန်းရပါဦးမယ်။
ကျွန်တော့်နာမည်ကတော့ ထွန်းဖွားပါ။
အခု အသက်က 16ဖြစ်ပြီး 9တန်းတက်နေရပါပြီ။ အမေဒေါ်စိန်ကြည် အဖေဦးလှဌေး ညီလေးခွန်းသ နဲ့အတူပဲခူးဘက်မာ အဆောင်ငှားနေပါတယ်။အမေက ဈေးရောင်းပြီး အဖေက ကျောက်တူးပါတယ်။ညီလေးက အခု14နှစ်ဖြစ်ပြီး 7တန်းပေါ့။ခုထိတော့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းလဲ အဆက်အသွယ် မရှိပါဘူး။ ဘာလို့ဆို ကျွန်တော့အမေနဲ့ အဖေက သဘောမတူပဲ ခိုးပြေးခဲ့ကြတာလေ။ခုလဲ အဆောင်ခမပေးနိုင်သေးလို့ဆိုပြီး မရှိရှိတဲ့ ပစ္စည်းတွေ ခဏခဏ ပေါင်နေတာတွေ့လို့ ကျောင်းတက်ရင်း တဖက် ပိုက်ဆံရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်ကပုံမှန်လိုပဲ မျက်နှာသစ် အိပ်ယာသိမ်းပြီး အလုပ်သွားရန်အတွက် ပြင်စရာရှိတာ အကုန်ပြင်ဆင်ရမည်။ အလုပ်က လက်ဖက်ရည်ဆိုင်မာ ၀ိတ်တာ လုပ်ရမာဖြစ်ပြီး စောစောသွားပြီး အချိန်များများဆင်း အလုပ်များများလုပ်မှ ပိုက်ဆံကလိုသလောက်ရတာ။ မထချင်သော်လည်း ထရမည်။ အရင်တခေါက်က အလုပ်နောက်ကျ၍ ဆိုင်ဝန်ထမ်းကဆူထားပြီးပြီ။"၀ါး...ထရဦးမယ်"
နိုးနှင့်ပြီး ထမင်းချက်နေသောအမေက ကြားသွားသည်ထင်သည်
"သားငယ်...နိုးနေပြီလား...
သွားတော့မလို့လား..အစောကြီးကို သားအဖေ တောင်မနိုးသေးဘူး"ဟုတ်ပါသည် အဖေကတော့ ကျွန်တော်ဘေးမာ ဟောက်ပြီး အိပ်ပျော်နေလျှက်။
အဖေလဲ ကျောက်တူးတာဆိုတော့ တော်တော်ပင်ပန်းခဲ့မည်ထင်သည်...ညကလဲ နောက်ကျမှ ပြန်လာ၍ အဆောင်မှူးကဆူသည်။"အိပ်ပါစေ အဖေလဲ ပင်ပန်းနေတာပဲကို...အလုပ်သွားခါနီကျမှနိုးလိုက်...သားလဲ စားပြီးရင် သွားတော့မယ်"
"အေး အေး..
အမေဟင်းတော့မချက်ရသေးဘူး...ငပိရည်ပဲရှိတယ် အပြင်မာစားလိုက်လေ သားငယ် အမေမုန့်ဖိုးပေးလိုက်မယ်"ဟုဆိုကာ အမေ့ပိုက်ဆံအိတ်ထဲက 1000တန်ထုတ်ဖို့ပြင်ဖို့ပြင်နေတုန်း..ကျွန်တော်က လှမ်းတားပြီး
"ရပါတယ်...အဲ့တာနဲ့ပဲစားတော့မယ် ထားလိုက်..အဲ့မုန့်ဖိုးကို ညီလေးပဲ ပေးလိုက်"
ဘာမှဆက်မပြောတော့ပဲ ပန်ကန်တချပ်လှမ်းယူပြီး ငပိရည်နဲ့ မြန်မြန်ဆန်ဆန်စားလိုက်သည်။ ဆိုင်ယူနီဖောင်းလဲဝတ် ဘုရားရှိခိုး အားလုံးပြင်ဆင်အပြီး ကြက်သွန်နွှာနေသော အမေ့ကို နှုတ်ဆက်လိုက်သည်။
"အမေ သားသွားတော့မယ်..."
...
"ဒီနေ့တော့ စောသားပဲ...လုပ် လုပ်...မနက်စာကော စားပြီးပြီလား..မစားရသေးရင် စားလိုက်ဦး"ဆိုင်ရှင်ဦးကြီးပွားကမေးသည်။
ဆိုင်ရှင်ဆိုပေမဲ့ တခြားဆိုင်ရှင်များကို ဟိတ်ကြီးဟန်ကြီးနှင့်မဟုတ် သဘောကောင်းလှသည်။ ကျွန်တော်တို့လို အဆင်မပြေသည့်သူများကိုလဲ ကူညီ၍အလုပ်ပေးသည်။ ပြောစရာရှိ ပွင့်ပွင့်လင်းလင်းပြောသည်။ လိုတာရှိရင်လဲ ထောက်ပြသည်။ ထို့ကြောင့် ကျွန်တော် ဒီမာ အလုပ်လုပ်ရတာ..တမျိုးတော့ စိတ်အေးရသည်။
စိတ်မအေးကသည်က...
"ငထွန်းလေး...ရေလေးတခွက်လောက်သွားခပ်ပေးပါလား...ငါဒီမာ ဘောပွဲကြည့်နေလို့...မအားလို့"
ဆိုပြီးခိုင်းတဲ့သူ စိုင်းသူအောင်ပင် ဖြစ်သည်။ ကျွန်တော်နှင့်ဆို တတန်းတည်း တခန်းတည်း အတူတူစာသင်ရသောသူဖြစ်သည်။ သူကဦးကြီးပွား၏ သားသုံးယောက်အနက် အငယ်ဆုံး သားဖြစ်သည်။
ဆိုင်ရှင်၏သားဆိုပြီးတော့...မညာမတာခိုင်းသည် အထက်ဆီးဆန်သည်။ ပြီးတော့ ငပျင်း အဖေကအလုပ်လုပ်သလောက် ဘာအလုပ်မှမလုပ်ချင်တဲ့သူ။ သူ့အဖေဦးကြီးပွားနဲ့တော့ ကွာသည်။ ယခုလဲကြည့် လေသံနှင့် ပြောပုံဆိုပုံက..
သူခိုင်းတာမလုပ်လျှင်ပဲ အလုပ်ထုတ်တော့မည့်ပုံလိုလို ဆိုင်ရှင်လိုလို...ဖြစ်နေသည်။ ရုပ်ရည်ကတော့ ချောပါသည်။ ခန္ဓာကိုယ်မာလဲ အလုပ်မလုပ်ထားတော့ ပိန်နေသည်။ ဆိုတော့ကား...သူပုံစံကလောလောဆယ် မင်းသားလိုလဲဖြစ်နေသည်။ ဒါပေမဲ့လဲ..
"ဟျောင့်..ဘာလို့ငါ့ကိုကြည့်နေတာလဲ..ချောလို့လား..
သွားစမ်းပါ ရေလေးပဲ...ခပ်ပေးပါ" သေချာပါပြီ သူ့ဇာတ်ကောင်က လူဆိုးလောက်ဖြစ်နေပါပြီ။
ကျွန်တော်ကတော့ သူ့အကြောင်းတွေးရင်းတွေးရင် ဒေါသလဲထွက် ရီလဲရီချင်သည်။ ဒီလိုလူတွေလဲရှိသေးတာပဲ။ ဘာမှဆက်မတွေးတော့ပဲ သူခိုင်းတဲ့အတိုင်းရေခပ်ပေးလိုက်သည်။
ထို့နောက်ဆိုင်ထဲတွင် လိုတာရှိတာကို လိုက်လုပ်ပေးသည်။ နေ့လည် ကျောင်းတက်ချိန်ရောက်တော့မည်။ ဦးကြီးပွားအား နှုတ်ဆက်ပြီး ကျောင်းသွားဖို့ပြင်ဆင်ရန်အတွက် အဆောင်ကို ပြန်လာနေပါပြီ။ အဆောင်ခန်းကိုသော့ဖွင့်ပြီးကြည့်တော့ ဘယ်သူမှမတွေ့ ကိုယ်တစ်ယောက်တည်း.။အမေကဈေးသွားပြီး အဖေကကျောက်သွားတူးနေပြီ ညီလေးကတော့ ယခု ကျောင်းမှပြန်လာနေပြီ ထင်သည်။ ညီလေးစားရန်အတွက်လဲ ပြင်ဆင်ထားသည်။ အမေဘာချက်ထားလဲ ကြည့်တော့
ငရုပ်သီးနဲ့ကြက်သွန်နီ ရောသုပ်ထားသည့်ဟင်းနဲ့ ဘဲဥကြော် ကိုတွေ့ရသည်။ ကျွန်တော်ကြိုက်သော ဟင်းဖြစ်သည်။ ကျွန်တော်ဗိုက်ဆာဆာနဲ့စားနေတုန်း ညီလေး ပြန်ရောက်လာသည်။
YOU ARE READING
မင်းတစ်ယောက်သာ
Randomဆင်းရဲလို့ဆိုပြီး ပတ်ဝန်းကျင်ကနှိမ်နေတဲ့ မိသားစုလေးတခု.. ထွန်းဖွားဆိုတဲ့ကောင်လေးတစ်ယောက် ထီသိန်းတစ်သောင်းဆုပေါက်ပြီး..သူ့အဖေ