"ငယ်ရေ...ငယ်"
"ဗျာ ကိုကို...ငယ် ဒီမှာ"
အိမ်ရှေ့ခြံထောင့် ပန်းပင်တွေဘက်ကလာတဲ့အသံမို့
ပန်းပင်တွေရှိရာဆီ Meanလျှောက်သွားလိုက်တယ်...
တွေ့ပါပြီဗျာ ပန်းပင်တွေနဲ့အလုပ်ရှုပ်နေတဲ့
ဖြူဖြူသေးသေးကောင်လေးတစ်ယောက်ကို...
ငယ်...ကျွန်တော့်ရဲ့ချစ်ရပါသော ငယ်...
ကျွန်တော်တစ်ယောက်တည်းသာခေါ်ခွင့်ရှိတဲ့ နာမ်စားလေး..."ငယ်ရာ ဒါတွေမလုပ်ပါနဲ့ဆိုကွာ...
နေကောင်းခါစရှိသေးတာကို..
ချွေးတွေထွက်ပြီး ပြန်ဖျားတော့မှာပဲ...
လာ အိမ်ထဲဝင်မယ်""နေပါဦးကိုကိုရာ..ဒါလေးလက်စသတ်လိုက်ဦးမယ်..
ခဏပဲ ဟီး""ငယ်ကွာ ကိုကို့ပြောစကားလဲနားမထောင်ဘူး..
ဒီလိုပင်ပန်းတာတွေကို မလုပ်ပါနဲ့ဆို...
အဲ့ဒါတွေကြောင့် ကိုကို့မှာ အလုပ်သွားတာတောင် စိတ်မဖြောင့်ဘူးသိလား""ကိုကို့စကားကို ငယ်နားထောင်ပါတယ်..
ဒါပေမဲ့ ငယ်က ဘယ်မှမှမသွားရတာ..
ဖေဖေတို့ကလည်း ငယ့်ကို ဟိုသွားလဲ တခုခုဖြစ်မှာစိုးရတာနဲ့...ဒီသွားလဲ
စိတ်မချဘူးဆိုတာနဲ့ ငယ်အိမ်ထဲမှာပဲနေနေရတာ
ဘယ်လောက်ကြာပြီလဲ..ဒါလေးပဲလုပ်စရာရှိတာကို
ကိုကိုကလည်း ဒါကိုမလုပ်နဲ့တဲ့..ဒါမှမလုပ်ရရင် ငယ့်ဘဝကြီးက ပျင်းဖို့ကောင်းနေတော့မှာ..
ငယ့်ကို မသနားဘူးလားဟင်"အပင်လေးတွေနဲ့အလုပ်ရှုပ်နေသလို
ပါးစပ်ကလည်း မရပ်မနားကိုပြောနေတာ..
နောက်ဆုံး သူ့ကိုမသနားဘူးလားလို့ မေးတော့မှ ကျွန်တော့်ဘက်ကိုလှည့်ပြီး သနားစရာပုံလေး
လုပ်ပြနေတာ...တကယ့် ချွဲစိန်လေး..
စကားအရမ်းတတ်တယ်..တကယ်လဲ
ငယ့်ဘဝလေးက အပျော်ဆိုတာသိပ်မရှိရှာဘူးလေ..
ငယ်ငယ်လေးကတည်းက နှလုံးသိပ်မကောင်းပဲ
အရမ်းချူချာလို့ မိဘတွေကအရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရတာ...ကြီးလာတော့လည်း အရင်လိုချူချာတုန်းပဲမို့ ခုချိန်ထိ မိဘတွေက
မျက်စိထောင့်ထောက်ကြည့်နေကြတုန်း..
တကယ်တော့ ငယ်က ကျွန်တော့်ထက် ၁နှစ်ကျော်ပဲငယ်တာပါ..ငယ့်မမ Primကမှ
ကျွန်တော်နဲ့ သက်တူရွယ်တူ..Primကလည်း သူ့အဖေကုမ္ပဏီမှာ ဝင်ကူနေသလို
ကျွန်တော်ကလည်း ဖေဖေ့ကုမ္ပဏီမှာ
ဝင်ကူနေပါပြီ...ဒါပေမဲ့ ငယ့်မှာတော့ လူတစ်ယောက်မပါရင် အပြင်မထွက်ရတဲ့ဘဝ...
အဲ့ဒါတွေကြောင့် ငယ့်ကိုအသနားပိုပြီး ပိုချစ်ရတာ...
YOU ARE READING
💙အရှုံးဒိုင်ယာရီ(အရှုံးဒိုင်ယာရီ)💚 (Completed)
FanfictionDramaမှ Dramaစစ်စစ်ပါနော် တခါတလေ ဒါမျိုးရေးချင်စိတ်ပေါက်လို့😁 2wishကို ချစ်လို့ရေးသားထားပါ✌✌ Dramaမှ Dramaစစ်စစ်ပါနော် တခါတေလ ဒါမျိုးရေးချင်စိတ်ပေါက်လို့😁 2wishကို ချစ်လို့ရေးသားထားပါ