အရေးပေါ်ခန်းမှာ နှစ်ရက်တိတိ
သတိမေ့နေခဲ့တဲ့ ကျွန်တော်က ငယ့်ကိုအဝေးပို့မဲ့နေ့မှာတော့ နိုးထလာခဲ့တယ်...
ဆေးရုံဆင်းဖို့ ဆရာဝန်တွေကို
အသဲအသန်တောင်းပန်ပေမဲ့
လုံးဝဆင်းခွင့်မပေးကြဘူး...
ချစ်ရတဲ့ ငယ့်မျက်နှာလေးကို
နောက်ဆုံးကြည့်ခွင့်လေးတောင် ကျွန်တော့်ကိုမပေးကြဘူးလား..
ကျွန်တော့်ကို မသနားကြဘူးလားဗျာ...
ငယ်က ဒီကမ္ဘာကြီးမှာ ကျွန်တော်အချစ်ဆုံးသူဗျ..."ဆရာရယ် ဆေးရုံဆင်းခွင့်မပေးရင်လည်း
အပြင်ထွက်ခွင့်လေးတော့ပေးပါ...
ကျွန်တော်မလိမ်ပါဘူး...ကျွန်တော်ပြန်လာမှာပါ...
ငယ့်ကိုကြည့်ချင်လို့ပါ...
နောက်ဆုံးအကြိမ်အဖြစ် ငယ့်ကိုတွေချင်လို့ပါ...
ငယ့်ကိုမပြောရသေးတဲ့စကားကို သွားပြောချင်လို့ပါဆရာရယ်..
ကျွန်တော့်ကို အပြင်ခဏထွက်ခွင့်ပေးပါနော်..
ဒူးထောက်ပြီးတောင်းဆိုပါတယ်ဆရာရယ်"ကျွန်တော်မရှက်နိုင်တော့ပါဘူး...
ငယ့်ကိုတွေ့ခွင့်ရဖို့ ဒူးထောက်ရုံမကလို့ ရှိခိုးဆိုလည်းရှိခိုးနိုင်ပါတယ်....
ဒူးထောက်ကာ မျက်ရည်တွေနဲ့
အရူးတစ်ယောက်လိုတောင်းဆိုနေတဲ့
ကျွန်တော့်ကိုကြည့်ပြီး ဆရာဝန်သနားသွားလို့ထင်ပါရဲ့...
စိတ်မကောင်းတဲ့မျက်နှာနဲ့ ခေါင်းညိတ်ပြလာတယ်...
ဆရာဝန်နောက်က သူနာပြုတွေဆို ကျွန်တော့်ကိုကြည့်ပြီးမျက်ရည်တွေဝဲလို့...
ဆရာဝန်ခွင့်ပြုချက်ရတာနဲ့ ဆေးရုံကနေအပြေးထွက်ခဲ့တယ်...
ငယ်ရေ ကိုကိုလာပြီ...ငယ့်ကိုပြောစရာရှိသေးတယ်..တက္ကစီတစ်စီးကိုတားပြီး ငယ်ရှိရာကိုသွားနေမိတယ်..
ခုမှသတိရခါစမို့ ကျွန်တော့်ပုံစံက
တမျိုးဖြစ်နေတယ်ထင်ပါရဲ့..
ကားဆရာက နောက်ကြည့်မှန်ကနေ
တကြည့်ကြည့်နဲ့...လူတွေဘယ်လိုထင်ထင် ကျွန်တော်ဂရုမစိုက်နိုင်ပါဘူး...
ကျွန်တော့်ခေါင်းထဲရှိတာ ငယ်တစ်ယောက်တည်းပဲ..."ရောက်ပြီခင်ဗျ"
ကားဆရာရဲ့ရောက်ပြီလို့ကြားတာနဲ့
ကားတံခါးဖွင့်ကာ အမြန်ပြေးဆင်းမိတယ်...
ကျွန်တော့်အတွေးထဲမှာရှိနေတာ ငယ့်ကိုတွေ့ပြီး ကျွန်တော်ပြောချင်တဲ့စကားပြောခွင့်ရဖို့....
YOU ARE READING
💙အရှုံးဒိုင်ယာရီ(အရှုံးဒိုင်ယာရီ)💚 (Completed)
FanfictionDramaမှ Dramaစစ်စစ်ပါနော် တခါတလေ ဒါမျိုးရေးချင်စိတ်ပေါက်လို့😁 2wishကို ချစ်လို့ရေးသားထားပါ✌✌ Dramaမှ Dramaစစ်စစ်ပါနော် တခါတေလ ဒါမျိုးရေးချင်စိတ်ပေါက်လို့😁 2wishကို ချစ်လို့ရေးသားထားပါ