🥋 Start 🥋

657 24 0
                                    


ကောင်းကင်​ယံမှာ..တိမ်​များက.ကင်းစင်​လို့....​လေညှင်း​လေးကလည်းတစ်​ဖြည်းဖြည်းသာတိုက်​ခတ်​လို့....ခပ်​​ဝေး​ဝေးဆီမှ...မိဘမဲ့က​လေးများပြုစု​စောင့်​​ရှောက်​ထားတဲ့..ချက်​ကျောင်း​လေးက..​ခေါင်း​လောင်းသံ​လေး​တွေကလည်း...တစ်​​ဒေါင်​​ဒေါင်​...အရာအားလုံးဟာသာယာနာ​ပျော်​ဖွယ်​ရှိ​နေ​ပေမယ့်​...​ကောင်​​လေးတစ်​​ယောက်​က​တော့..​တောင်​ကုန်း​ပေါ်က..သစ်​ချပင်​​လေး​အောက်​မှာတစ်​​ယောက်​ထဲထိုင်​​နေရင်း...ထိုချက်​​ကျောင်း​လေးကိုကြည့်​​နေခဲ့တယ်​...သူ့လက်​ထဲမှာ​တော့...ကျစ်​ကျစ်​ပါ​အောင်​ကိုင်​ထားတဲ့..ဝက်​ဝံရုပ်​အညို​လေး..တစ်​ခုရယ်​ပါ...ထို​ကောင်​​လေးနမယ်​က...

လ​ရောင်​စန်း..တဲ့...

လ​ရောင်​စန်းမှာ...​လူမှန်​သိတတ်​စအရွယ်​ကတည်းက...မိဘဆိုတာမ​တွေ့ခဲ့ရ...ကား​မှောက်​ပြီးဆုံးသွားတယ်​လို့သာ...​ကျောင်းက..မာသာ​တွေက​ပြေားခဲ့တယ်​​လေ....သူနဲ့အတူတူကျန်​ရှိ​နေတာက​တော့...ဒီဝက်​ဝံရုပ်​​လေးတစ်​ခုသာ....အခုလည်းသူ....မိဘ​တွေကိုသတိရတိုင်း..ဒီ​နေ့ရာ​လေးမှာလာထိုင်​ဖြစ်​ခဲ့သည်​ပဲ....မိဘ​တွေကိုသတိရတိုင်း ..သူမမြင်​ဖူးခဲ့တဲ့မျက်​နှာ​လေး​တွေကိုမှန်​စကြည့်​​နေရင်းသာ....

"​ဟေ့​ကောင်​...လ​ရောင်​....!!!"

နောက်​က​ခေါ်သံကြား​တော့...လ​ရောင်​လှည့်​ကြည့်​မိတယ်​...​ဇော်​​ထက်​တို့အုပ်​စု ၃ ​ယောက်​...လ​ရောင်​..စိုးရိမ်​စိတ်​ဝင်​သွားမိတယ်​...ကိုဈာန်​ လည်းအနားမှာမရှိ​လေ....ဒီ ၃​ယောက်​က..လ​ရောင်​စန်းကို..အမြဲတမ်းအနိုင်​ကျင့်​ကြတတ်​တယ်​...သူတို့အနိုင်​ကျင့်​တိုင်းလည်း...ကိုဈာန်​ က..လ​ရောင်​ဘက်​က​နေ ကာကွယ်​​ပေး​နေကြ​လေ...ဘယ်​သွားသွား..သူ့ကို​ခေါ်ပါလို့​ပြေားထား​ပေမယ့်​...ဒီ​နေ့​တော့..လ​ရောင်​...တစ်​​ယောက်​ထဲထွက်​လာမိခဲ့တာအမှာတစ်​ခုပင်​ဖြစ်​သွားမိတယ်​​လေ.....

"ဟာဟ...တစ်​​ယောက်​တည်းပါလား...မင်းရဲ့သက်​​တော်​​စောင့်​ကြီး​ရောကွ..!"

ဇော်​ထက်​က...ခနဲ့ပြုံးပြုံးပြီး..​မေး​တော့...အ​ခြေအ​နေကိုလ​ရောင်​ရိပ်​မိ​နေခဲ့တယ်​....ပြီး​တော့.....

လတစ်စင်းရဲ့ကိုယ်ရံတော် လတစ်စင်းရဲ့ကိုယ်ရံတော် [Complete]Where stories live. Discover now