🥋 5 🥋

113 15 0
                                    

ဈာန်​သစ်​ထူး...ခြံဝန်းထဲကား​လေးဝင်​လိုက်​​တော့...ခြံထဲမှာ..ကားဖြူ​လေးတစ်​စီး​တွေ့လိုက်​ရတယ်​....လ​ရောင်​က​တော့..တစ်​ချက်​ပြုံးပြီး​ရေရွတ်မိတယ်​...သိင်္ဂီတို​ရောက်​​နေတာပဲတဲ့...ဒါနဲ့...အလွတ်​တစ်​​နေရာမှာ..ကား​လေးကိုထိုးလိုက်​တယ်​..ပြီး​တော့..တံခါးဖွင့်​​ပေးလိုက်​တယ်​​လေ....

"ဪ...သားတို့​တောင်​ပြန်​​ရောက်​ပြီပဲ...သားလ​ရောင်​...သိင်္ဂီတို​ရောက်​​နေတယ်​..​မွေး​နေ့ပါတီလာဖိတ်​တာတဲ့..."

"ဪ..ဟုတ်​​မေ​မေ..."

"ကိုဈာန်​..လာ​လေ..ဝင်​ခဲ့...."

"ရပါတယ်...လ​ရောင်​...ကိုအခန်းပဲပြန်​လိုက်​​တော့မယ်​...​ခေါ်စရာရှိရင်​​တော့..လူ​ခေါ်ဘဲလ်​​လေးတီးလိုက်​​ပေါ့...."

ဈာန်​သစ်​ထူးပြုံးပြလိုက်​ရင်း..သူ​နေထိုင်​ရာတိုက်​ခန်း​လေးဆီသို့...ပြန်​သွားလိုက်​တယ်​​....အခန်းထဲ​ရောက်​​တော့...ကုတင်​​ပေါ်..ပင်​ပန်းမှုနဲ့ပစ်​လှဲလိုက်​​တော့တယ်​...ပြီး​တော့...​လေးဖြူရဲ့..နှင်းဆီဝင်္ကပါ ..သီချင်း​လေးတိုးတိုး​လေးဖွင့်​ရင်း....ကုတင်​​ဘေးက..ဝက်​ဝံရုပ်​​လေးကိုယူလိုက်​ပြီး..အနမ်း​လေးတစ်​ချက်​​ပေးလိုက်​တယ်​...ပြီး​တော့..ကို့အ​တွေးနဲ့ကို..ပြုံးလိုက်​ရင်း..ရင်​ခွင်​ထဲဖတ်​ထားလိုက်​ပါ​တော့တယ်​​လေ.....
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
သင်္ဂီ...လ​ရောင်​နားတိုးကပ်​လာပြီး..ပါးနှစ်​ဖက်​ကိုဆွဲလိမ်​ကာ...

"လ​ရောင်​...နင်​အရမ်းချစ်​ဖို့​​ကောင်းလာတယ်​သိလား...."

လ​ရောင်​....ကိုင်​ထားတဲ့လက်​နှစ်​ဖက်​ကိုဖယ်​ထုတ်​လိုက်​ပြီး....ဒါမိန်းက​လေး​ပြေားရမယ့်​စကားလားဆို​တော့..သိင်္ဂီရယ်​​နေတယ်​​လေ...အထဲမှာ​တော့...သိင်္ဂီအကို...ရဲ​မင်း..နဲ့​မေ​မေတို့က​တော့ပွဲကျလို့...လ​ရောင်​နဲ့..သိင်္ဂီက​တော့..ခြံထဲလမ်း​လျှောက်​ရင်းစကား​ပြေား​နေမိကြတယ်​...လ​ရောင်​သိပါတယ်​..​ယောကျာင်္းလးပဲ..သိင်္ဂီရဲ့အပြုအမူ​တွေက..သူ့အ​ပေါ်..သာမန်​ထက်​ပိုတယ်​ဆိုတာ​လေ....ဒါ​ပေမယ့်​..သိင်္ဂီကိုသူ သူငယ်​ချင်းတစ်​​ယောက်​ထက်​မပိုနိုင်​...ပြီး​တော့..ခံစား၍လည်းမရ...မလှဘူးလားဆို​တော့လဲ..မဟုတ်​ပါ..သိင်္ဂီကလှပါတယ်​..ဒါ​ပေမယ့်​..​ခေတ်​ဆန်​လွန်းတယ်​​လေ....ပြီး​တော့..​မေ​သော်​....​မေ​သော်​ရဲ့ဒီ​နေ့..ကိုဈာန်​သစ်​ထူးကိုကြည့်​တဲ့အကြည့်​​တွေက..မရိုးသား...​မေ​သော်​ရဲ့အတွင်းစိတ်​ထဲမှာကိုဈာန်​ရှိ​နေခဲ့မှာလည်း​သေချာတယ်​​လေ...ဒါ​ပေမယ့်​..အဲ့ဒါကိုပဲ...လ​ရောင်​အလိုမကျ...ဒီ​နေ့တားခဲ့မိတယ်​...လ​ရောင်​စဉ်းစားကြည့်​မိတယ်​..​မေ​သော်​ကိုပဲသူချစ်​​နေမိတာလား....ဒါလည်းမဟုတ်​...​မေ​သော်​ကို​တွေ့ရင်​လည်း..သူရင်​ခုန်​မှုမဖြစ်​...စက္ကထရီ..တစ်​​ယောက်​အ​နေနဲ့ပဲသူသိသည်​​လေ...ဒီထက်​မပို...မျက်​မှန်​​လေးနဲ့​မေ​သော်​ရဲ့အလှကိုလည်းသူသိသည်​..သို့​သော်​..ခံစား၍မရ....ဒါဆို..ဒါဆို..ဘာလို့...ငါ..စိတ်​အလိုမကျဖြစ်​သွားရတာလည်း...ကိုဈာန်​လား....ကိုဈာန်​....
ကိုဈာန်​လို့..စိတ်​ထဲ​တွေးမိရုံနဲ့..လရောင်​ရဲ့ဘယ်​ဘက်​ရင်​အုံထဲကနှလုံးသား​လေးလှုပ်​ရှားသွားတယ်​...ဒါဘယ်​လိုဖြသ်​တာလဲ...ကိုဈာန်​လဲ​ယောကျာင်္း​လေး...ငါလည်း​ယောကျာင်္း​လေး...ဒါ​ပေမယ့်​..ဒါ​ပေမယ့်​..ငါဘာလို့ရင်​ခုန်​သွားရတာလဲ....အ​တွေး​တွေအများကြီး​ခေါင်းထဲစုပြုံဝင်​လာခဲ့တယ်​...ဒါ​ပေမယ့်​..အ​ဖြေကမရ...ကိုဈာန်​ရဲ့..တည်​ကြည်​​သောမျက်​နှာ​လေးက..အ​တွေးထဲကမထွက်​ဖြစ်​​နေရတယ်​....

လတစ်စင်းရဲ့ကိုယ်ရံတော် လတစ်စင်းရဲ့ကိုယ်ရံတော် [Complete]Donde viven las historias. Descúbrelo ahora