"သန်ဘက်ခါ တို့ကျောင်းသားဟောင်းတွေ့ဆုံပွဲနော် မင်းလာမယ်မို့လား"
သူငယ်ချင်းမ ခင်ခင်မြ ကဖုန်းဆက်လာသည်။ ဆယ်တန်းစာမေးပွဲကြီးဖြေပြီးတည်းက ကိုယ်စီကိုယ်စီ ဆိုင်ရာနယ်ပယ်အသီးသီးကို လျှိုတိုးသွားခဲ့ကြသည်မို့ အနေတွေလည်းဝေးကွာနေလေပြီ။ အခုများဆို ကိုယ်စီကိုယ်စီနေရပ်တို့ ရွေ့ပြောင်းသူများကရွေ့ပြောင်း ဌာနအသီးသီးနယ်ပယ်အလျှိုလျှိုသို့ အခြေကျသူများကလည်းကျနေပါပေါ့လေ။ တချို့တလေနှင့်တော့ အဆက်အသွယ်ရှိသေးပေမဲ့ ယခင်လိုမျိုးရင်းနှီးလွန်းမနေတော့ပေ။ အသက်၂၅အရွယ်ဆိုတော့လည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်နေရလေပြီမဟုတ်လား။
အင်း...ကျောင်းသားဟောင်းတွေ့ဆုံပွဲလေးဆိုတော့လည်း ငယ်စဉ်တည်းက ကကြီးတန်းတက်တည်းကဆိုပါတော့လေ...
ထိုစဉ်ကတည်းက ၁၁နှစ်တာပညာရှာရင်း ပျော်ရွှင်ခဲ့ရသောအချိန်များကိုသတိရမိတာတော့အမှန်။ ထိုသို့ကျောင်းတော်ကြီးကိုသတိတရရှိလေသလို ကျောင်းကြီးနှင့်တပါတည်း ကိုကိုလေ နောင့် ကိုပါသတိရမိတယ်ကွယ်။ ကိုကို့ကျောင်းသားဘ၀ရဲ့ အမှတ်ရဆုံးဆိုတဲ့ အမှတ်တရတွေမှာ နောင်ဟာ ပထမဆုံးပါဝင်နေတယ်။ သည့်အတူ ကိုကိုနှ့လုံးသားရဲ့ ပထမဆုံးဆိုတဲ့နေရာမှာလည်း နောင် သည်သာတစ်ဦးထဲနေရာယူထားဆဲ။ နောင် ကော အခုဘယ်ဆီမှာများလဲကွယ်။>>>>>>>>>>>>>>>>>နောင် <<<<<<<<<<<<<<<
ဒီနေ့က ကျောင်းသားဟောင်းတွေ့ဆုံပွဲနေ့လေးလေ နောင် ။
ကိုကိုလေ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ဖြီးလိမ်းထားတယ်။ နောင်နဲ့များဆုံလေမလားလို့ပေါ့လေ။ကျောင်းဝင်းကြီးကတော့ အရင်လိုဘဲ နောင် ။ ကိုကိုတို့ကျောင်းတက်တုန်းကလိုဘဲ....
အဖြူအစိမ်းဝတ်လေးနဲ့ ကျောင်းသူကျောင်းသားလေးတွေက ပြေးလွှားဆူညံနေကြတုန်း။ မုန့်ဈေးတန်းလေးဘေးက စကားပန်းပင်လေးက အရင်လိုဘဲမွှေးကြူနေတုန်း။
ရှစ်တန်းအဆောင်ရှေ့က ဘယ်တစ်ဖက်ညာတစ်ဖက်ရံနေတဲ့ ခရေပင်ကြီးနှစ်ပင်ကလည်း အရင်လိုပါဘဲ နောင် ။