Part-21

9K 1K 73
                                    

တောင်ယာတွေရဲ့အရှေ့ဘက်စူးစူးတွင်...မြူခိုးတွေမိုင်းနေသော...သစ်တောရိပ်တွေတောင်တန်းကြီးတွေကသဘဝတရားရဲ့...သားသမီးသဖွယ်အစိမ်းရောင်ဝတ်ရုံလွှာကို
ခြုံရင်းတင့်တယ်စေအံ့...

သူတို့နှစ်ယောက်စတင်တွေ့ခဲ့တဲ့...ဂွမ်ဂျူးရဲ့ပန်းခြံလေးကတော့ပွဲတော်ရက်ပြီးသွားပြီမို့လာရောက်လည်ပတ်သူအနည်းငယ်သာ...Appaလည်းCompanyကိစ္စတွေပြီးပြီ
မို့ပြန်သွားသော်လည်း...Jungkookကတော့သူမျှော်လင့်ချက်လေးကြောင့်ဒီမှာခေတ္တခဏဆက်နေဖြစ်ခြင်းသာ...

ပန်းရောင်ခြယ်သောချယ်ရီတွေလေအတိုက်မှာတဖြုတ်ဖြုတ်
ကြွေတော့ထိုကလေးငယ်ကJungkookလက်ကိုဖြုတ်ကာ
ပန်လေးတွေကိုလက်သေးသေးလေးနဲ့လိုက်ဖမ်းတော့သည်...ချယ်ရီတွေလည်းကလေးငယ်အလှကိုမခံစားနိုင်တော့ဘူးထင့်...မော်ကြွားလှပလွန်းတဲ့ချယ်ရီသည်ကလေးငယ်
ခြေရင်းတွင်းသာခစားသည်

Jungkookအရှေ့တွင်...ပျော်နေသောအကောင်ငယ်လေးရဲ့ဆံနွယ်ထက်မှာတစ်ချို့သောချယ်ရီတွေသာတင်ကျန်
ရစ်လျှက်...မသိလျှင်ချယ်ရီလေးတွေပန်ထားသလိုဟိုတစ်ပွင့်
ဒီတစ်ပွင့်

ထိုကောင်လေးအားphထုတ်ကာဓာတ်ပုံရိုက်မှတ်တမ်းတင်လိုက်သည်...ချယ်ရီပန်းတွေကြားပျော်မြူးနေသော
ဝက်ဝံပေါက်ပုံမှာမကြာခင်အချိန်လေးမှာပင်သူ့Phone
wallpaperအဖြစ်နေရာယူသွားသည်...

''Jeon...''

ပြောပြောဆိုဆိုနဲ့...Jungkookမျက်နှာကိုချယ်ရီ
ပန်းလေးတွေကိုမူတ်ကာကျီစယ်သည်...

''အာ...ဒီကလေးကိုယ့်ကိုကျီစယ်တယ်ပေါ့...''

လက်ကလေးကနေဖြတ်ကနဲဆွဲကိုင်ကာရင်ခွင်ထဲကိုဆွဲ
သွင်းလိုက်တော့ခိုးခိုးခစ်ခစ်ရီတဲ့ကလေးငယ်...ဆံစတွေမှာလည်း...ချယ်ရီလေးတွေဝေလို့...သူ့ရဲ့ချယ်ရီမင်းသားလေး

မပြောမဆိုနဖူးလေးကိုလှမ်းနမ်းလိုက်သည်
တဖန်နူတ်ခမ်းတွေပေါ်အနမ်းတွေဦးတည်တော့ထိုကလေးငယ်ကလက်ဝါးလေးကာ...ကာတားသည်

''Jeon...လူမြင်ကွင်းကြီးထဲမှာလေကွာ...''

ဟုတ်သားပဲ...ပေါ်တင်ကြီးဆိုတော့ပေါက်စရှက်နေမှာပေါ့...ဝက်ဝံလေးရဲ့လက်ကိုဆွဲပြီးလူရှင်းတဲ့သစ်ပင်ကြီးရဲ့အကွယ်ကိုဆွဲခေါ်သွားသည်...

My lovely JEON (My SeniorS2)(Complete)Where stories live. Discover now