ဆက်တိုက်ဖြစ်ပေါ်သည့် သွေးရောင်လွှမ်းသော လလေးလုံး

3 0 0
                                    

၂၀၁၄ခုနှစ် ဧပြီလမှ ၂၀၁၅ စက်တင်ဘာလအထိတွင် ကောင်းကင်ပေါ်တွင် မြင်ရခဲသည့် ဖြစ်ရပ်တစ်ခု ဖြစ်သော သွေးရောင်လွှမ်းသော လလေးလုံး ဆက်တိုက်ပေါ်ခဲ့သည်။ ဤသွေးရောင်လွှမ်းသောလများ ပေါ်ထွန်းလာခြင်းသည် ပရောဖက်ပြုချက်နှစ်ခုအား ပြည့်စုံစေသည်။ ထိုပရောဖက်ပြုချက်များမှတစ်ခုအား ဗျာဒိတ်ကျမ်း ၆:၁၂ တွင် တွေ့ရှိရသည်။.....ယောလအနာဂတ္တိကျမ်း ၂:၂၉-၃၁ တွင် အောက်ပါတို့ကို ကြိုတင်ဟောကြားခဲ့သည်။ "ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်"။ ဤဆက်တိုက်ဖြစ်ပေါ်သည့် သွေးရောက်လွှမ်းသည့် လလေးလုံး ပေါ်ထွန်းလာခြင်းသည် ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမကြာခင် ရောက်ရှိလာတော့မည့် နိမိတ်တစ်ခုဖြစ်သည်။ ပရောဖက်ယောလ၏ အနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတွင်ပါရှိသည့် ပရောဖက်ပြုချက်များအရ ကြီးမားသည့်ကပ်ဘေးမကျရောက်ခင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် စကားပြောလိမ့်မည်။ သူ၏ နှုတ်ကပတ်တော်တို့သည် သူ၏အစေခံယောက်ျားမိန်းမတို့အား ရေလောင်းပေးလိမ့်မည်။ တစ်နည်းဆိုရလျှင် ကြီးမားသည့် ကပ်ဘေးမတိုင်ခင်တွင် ဘုရားသခင်သည် အောင်မြင်သောသူများအုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤသို့ဆိုလျှင် အောက်ပါပရောဖက်ပြုချက်သည် အဘယ်သို့ ပြည့်စုံမည်နည်း။ "ထို့နေ့ရက်များတွင် အစေခံယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။"

ကယ်တင်ရှင်ပြန်ကြွလာပြီWhere stories live. Discover now